Border News Agency
ဝီရဌာနီ၊အောက်တိုဘာ ၁၀။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဆင်အိုင်ရွာကို အောက်တိုဘာလ ၁၀ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ အသက်ကိုးဆယ်ငါးနှစ်အရွယ် ဒေါ်ဝင်းမေ၊ အသက်ခြောက်ဆယ်ငါးနှစ်အရွယ် ဒေါ်ဦးမြသန်း၊ အသက်ငါးဆယ်အရွယ်ဒေါ်ရီရီသန်း၊ မူဆလင်အမျိုးသမီးတဦး၊ ကလေးငယ်တဦးနဲ့ အသက်နှစ်ဆယ်အရွယ် မာမောက်ရှော်ရိမ်သေဆုံးခဲ့ပါတယ်။
အဲဒီအပြင် စစ်တွေမြို့၊ တရားသီးစုရပ်ကွက်မှဆင်အိုင်ရွာသို့စစ်ဘေးရှောင်နေသူ အသက်နှစ်ဆယ့်လေးနှစ်အရွယ် မခင်ခင်ဝင်း(ခ)ဝိုင်းစိန်မဒဏ်ရာရသွားခဲ့ပါတယ်။








