Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာမှ နွားဆယ်ကောင်ပျောက်ဆုံး

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ စက်တင်ဘာ ၈။

မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာသားပိုင်းနွားဆယ်ကောင်ဟာ စက်တင် ဘာလပထမအပတ်က မယူတောင်ခြေအနီးမှာပျောက်ဆုံးသွားတယ်လို့ ရွာသားတွေက အတည်ပြုပြောကြပါတယ်။

အဲဒီနွားတွေကိုကျေးရွာအနီးမယူတောင်ခြေမှာနေ့တိုင်းလွှတ်ကျောင်းထားကြတာဖြစ်ပြီး ညနေကျရင် တောင်ခြေအနီးတောစပ်မှပြန်လာကြတာလို့ ရွာသားတွေက ဆို​ကြပါတယ်။

ဒါပေမယ့် စက်တင်ဘာလပထမအပတ်မှာတော့ နွားဆယ်ကောင်ဟာ ပြန်မပါလာတာမို့ ကျေးရွာသားတွေသွားရောက်ရှာဖွေကြချိန်မှာ သတ်ဖြတ်ထားတဲ့သွေးတွေ၊ အရိုးစတွေကိုသာ တွေ့ကြရတယ်လို့ ကိုင်းကြီးကျေးရွာသားတွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ရွာသားပိုင်နွား ၁၀ ကျော် ပျောက်သွားမှန်းသိတော့ လူအင်အားစုပြီး တောထဲသို့လိုက်ရှာကြပါတယ်။ လိုက်ရှာကြတော့ ကျွန်တော်တို့တွေ့တာက နွားတွေကို သတ်ဖြတ်လှီးထားတာတွေပါ။ သွေးတွေကိုမြင်ခဲ့ရတယ်။” လို့ နွားပျောက်လိုက်ရှာခဲ့တဲ့ကိုင်းကြီးရွာသားတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကိုင်းကြီးကျေးရွာအနီး မယူတောင်ခြေမှာကျွဲတွေ၊နွားတွေမကြာခဏပျောက်ဆုံးခဲ့တာတွေရှိခဲ့ပေမယ့် တကောင်စ၊ နှစ်ကောင်စသာဖြစ်ပြီး ခုလိုမျိုးငါးကောင်၊ ဆယ်ကောင်ထိပျောက်ဆုံးခဲ့တာမရှိဘူးလို့ ကိုင်းကြီးကျေးရွာသားတွေက ဆိုကြပါတယ်။

အဲဒီမယူတောင်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အရင်ကတည်းက စခန်းချနေထိုင်ခဲ့ကြတာတွေရှိခဲ့ပြီး ပျောက်ဆုံးသတ် ဖြတ်ခံလိုက်ရတဲ့နွားဆယ်ကောင်းဟာလည်း ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဖမ်းဆီးသတ် ဖြတ်စားသောက်လိုက်ကြတာဖြစ်နိုင်တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ရွာသားတွေကတော့ နွားတွေကို အာဆာအဖွဲ့ကသတ်စားလိုက်တာလို့ထင်ကြပါတယ်။ အဲဒီကိုင်းကြီးဂျိုင်းထဲမှာ အာဆာတွေ စခန်းချနေထိုင်ခဲ့တဲ့နေရာတွေရှိခဲ့ဖူးပါတယ်။ ခုနွားဆယ်ကောင်ပျောက်သွားတာလည်းရိုးရိုးမဟုတ်တာတော့သေချာပါတယ်။” လို့ ကိုင်းကြီးရွာသားတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီနွားဆယ်ကောင်ဟာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုရိက္ခာအဖြစ်ရောင်းလိုက်ကြတာလို့ ကျေးရွာသားတချို့ကစွပ်စွဲပြောဆိုကြပေမယ့် နွားပိုင်ရှင်တွေကတော့ အမှန်တကယ်ပျောက်ဆုံးသတ်ဖြတ်ခံလိုက်ရတာသာဖြစ်ပြီး ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုရိက္ခာအဖြစ်ရောင်းချလိုက်တာမဟုတ်ဘူးလို့ ငြင်းဆိုကြပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်မှကျေးရွာတချို့မှာလည်း ကျွဲတွေ၊ နွားတွေ အုပ်လိုက်ပျောက်ဆုံးတာတွေ မကြာခဏဖြစ်နေကြပေမယ့် ပြန်ရှာတွေ့တာ၊ ပြန်ရတာတွေမရှိဘူးလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

အဲဒီမောင်တောမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာတွေအပါအဝင် မယူတောင်ထဲမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ထောင်နဲ့ချီပြီးဝင်ရောက်နေထိုင်နေကြတယ်လို့ မွတ်ဆလင်ရွာသားတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောင်းချနေတဲ့ ကျွဲ၊ နွား၊ ဆိတ်စျေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတရားဝင်ဖွင့်ထားတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကျွဲ၊ နွား၊ ဆိတ်တွေ တရားမဝင်တင်ပို့ရောင်းချနေကြသူတွေလည်းဆက်ရှိနေကြပြီးလက်နက်တွေကိုင်ဆောင်ကာအုပ်စုလိုက်ကျွဲ၊ နွား၊ ဆိတ်ခိုးယူနေကြသူတွေလည်းရှိနေကြတုန်းလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

PrevPreviousထမင်းမစားရွာရှိစစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
Nextမြောက်ဦးမြို့နယ်မှာ စစ်ဘေးရှောင်အမျိုးသမီးကို ကျေးရွာအုပ်ချုပ်ရေးမှူးအဓမ္မပြုကျင့်ဖို့ကြိုးစားNext
Previous Post

ထမင်းမစားရွာရှိစစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

Next Post

မြောက်ဦးမြို့နယ်မှာ စစ်ဘေးရှောင်အမျိုးသမီးကို ကျေးရွာအုပ်ချုပ်ရေးမှူးအဓမ္မပြုကျင့်ဖို့ကြိုးစား

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

KNDFအမှတ်၁၄ တပ်ရင်းရဲ့စစ်သင် တန်းဆင်းပွဲ

October 15, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025

KNDFအမှတ်၁၄ တပ်ရင်းရဲ့စစ်သင် တန်းဆင်းပွဲ

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

Releated Post

KNDFအမှတ်၁၄ တပ်ရင်းရဲ့စစ်သင် တန်းဆင်းပွဲ

October 15, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page