Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၀။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိမ်းမှုတွေအပါအဝင် မုဒိန်းမှုတွေများလာလို့ အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ အမျိုးသမီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အုပ်ချုပ်ရေးယန္တရားမတည်ငြိမ်နိုင်သေးတာတွေ၊ တရားဥပဒေစိုးမိုးမှုမခိုင်မာသေးတာတွေကို အခွင့်ကောင်းယူပြီးရာဇဝတ်မှုကျူးလွန်သူတွေဟာ အမျိုးသမီးတွေဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေကြတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
“အဖေအရင်းက အသက်မပြည့်သေးတဲ့သမီးအရင်းကိုနှစ်နဲ့ချီမုဒိန်းကျင့်နေတာ၊ အုပ်ချုပ်ရေးမှူးကစစ်ဘေးရှောင်တွေကိုမုဒိန်းကျင့်ဖို့ကြိုးစားတာ၊ လမ်းသွားရင်အုပ်စုလိုက်နှောက်ယှက်နေကြတာက ကျမတို့အတွက် ကိုယ်ရော့စိတ်ပါမလုံခြုံမှုကို ခံစားနေရပါတယ်။တ ရားဥပဒေစိုးမိုးမှုမရှိဘူး။လုံခြုံမှုမရှိဘူးလို့.ခံစားနေရတယ်။” လို့ မြေပုံမြို့မှအ မျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အမ်းမြို့နယ်မှာသမီးအရင်းဖြစ်သူကိုအသက်တဆယ့်နှစ်နှစ်အရွယ်ကစတင်ပြီးဖခင်အရင်းဖြစ်သူကခြောက်နှစ်တိ တိအတင်းအဓမ္မပြုကျင့်နေခဲ့လို့ ဆေးခန်းမှာစစ်ကြည့်မှကိုယ်ဝန်ရှိနေတာကိုသိရပြီး မိခင်ဖြစ်သူက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLEPS)ကို တိုင်းတန်းဖမ်းခိုင်းခဲ့ရပါတယ်။
အဲဒီအပြင်မြောက်ဦးမြို့နယ်၊ ဆင်ခြံကျေးရွာမှာစက်တင်ဘာလ ၅ ရက်နေ့က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရခန့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်အေးညွှန့်ဟာစစ်ဘေးရှောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့လို့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLEPS)ကို တိုင်းတန်းဖမ်းခိုင်းခဲ့ရပါတယ်။
နောက်ပြီး ကျောက်တော်မြို့နယ်မှာ အမျိုးသမီးလေးဦးအပေါ် အတင်းအဓမ္မကျူးလွန်ခဲ့တဲ့အသက် ၂၅ နှစ်အရွယ်အမျိုးသားတဦးကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့မြောက်ဦးခရိုင်တရားရုံးမှ စက်တင်ဘာလ ၁ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ်အနှစ်လေးဆယ်ချမှတ်လိုက်ပေမယ့်နောက်ထပ်မုဒိန်းမှုကျူးလွန်ထားတာတွေကျန်နေသေးတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ဆီမှာ အမျိုးသားတွေစစ်မှုထမ်းနေရတဲ့အတွက် နေအိမ်မှာကျန်ခဲ့တဲ့အမျိုးသမီးတွေဟာမိသားစုစားဝတ်နေရေးကို ကိုယ်တိုင်ဦးဆောင်ဖြေရှင်းတေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့်ကောက်စိုက်၊ ဟင်းရှာ၊ ထင်ခွေစတဲ့အလုပ်တွေ သွားရောက်လုပ်ကိုင်နေကြရတာမို့ အသက်အန္တရာယ်အပါအဝင် ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
“အိမ်မှာအမျိုးသားတွေရှိတော့ လူရှိန်တာပေါ့။ အိမ်ထောင်တာဝန်ကိုယူထားရတော့ ဘာမှမလုပ်ဘဲနေလို့မရဘူးလေ။ ဝမ်းရေးအတွက် အလုပ်ခွင်ကိုသွားတဲ့အခါ… အမျိုးသားမရှိဘဲ ကလေးတွေနဲ့ ညဘက်အိပ်တဲ့အခါလုံခြုံမှုမရှိသလိုခံစားရတယ်။ရွာတွေမှာလည်း အရက်သောက်သူတွေပိုများလာတော့လုံခြုံဖို့အနေအထိုင်ဆင်ခြင်ပြီးနေနေရတယ်။” လို့ကျောက်တော်မြို့နယ်မှကလေးအမေတဦးက Border News Agency ကို ပြောပါတယ်
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အုပ်စုဖွဲ့သောက်စားမူးယစ်နေကြတာတွေများလာနေပြီး အမျိုးသမီးတဦးတည်းသွားလာနေရင် လိင်ပိုင်းဆို င်ရာထိပါးစော်ကားပြောဆိုကြတာတွေ အရင်ထက်ပိုများလာနေတယ်လို့ အမျိုးသမီးတွေကဆိုကြပါတယ်။
အဲဒါကြောင့် အမျိုးသမီးတွေဟာ နေအိမ်၊ လမ်း၊ လုပ်ငန်းခွင်တွေထိ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတာမို့ ကိုယ်စိတ်နှစ်ပါးမလုံခြုံမှုတွေကို ခံစားနေကြရတယ်လို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီအပြင်စစ်ဘေးရှောင်အမျိုးသမီးတွေဟာ အမိုးအကာမလုံခြုံတဲ့နေရာတွေမှာအိပ်စက်နေကြရသလို အမိုးအကာမဲ့နေရာတွေမှာ အိပ်သာတတ်တာတွေ၊ ရေချိုးတာတွေ ပြုလုပ်နေကြရတာမို့ ဘေးကင်းလုံခြုံမှုကင်းမဲနေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်အမျိုးသမီးကလေးငယ်တွေဟာ အဝေးသို့သွားပြီးကျောင်းတက်နေကြရတာမို့ ကျောင်းသွား၊ ကျောင်းပြန်ခရီးမှာ ဘေးကင်းလုံ ခြုံမှုကင်းမဲ့နေကြတာမို့ မိဘတွေစိုးရိမ်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက
ဆိုကြပါတယ်။
“ရွာမှာက စစ်ဘေးရှောင်လူပေါင်းစုံနဲ့နေထိုင်ရတာ။ လူအမျိုးမျိုးပါကြတော့ကလေးတွေကို စိတ်မချဘူး။ မကောင်းတဲ့လူလို့ ရေးထားတာလည်းမဟုတ်ဘူး။ သမီးလေးကိုကျောင်းအသွားအပြန်နဲ့ကစားချိန်တွေမှာ သူငယ်ချင်းတွေနဲ့အတူတူတစုတစည်းသွားလာဖို့အမြဲပြောထားရတယ်။ စားဝတ်နေရေးကရှိသေးတော့အလုပ်သွားရတာနဲ့ သမီးလေးကိုကျောင်းအကြိုအပို့လည်းမလုပ်နိုင်ဘူး။” လို့ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်ကျောင်းသူမိခင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီကျောက်တော်မြို့နယ်၊ ခမောင်းတောကျေးရွာမှာပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အစပိုင်းတုန်းက အသက်နှစ်ဆယ်ဝန်းကျင်အမျိုးသမီးငယ်တဦး ညဖက်အိမ်နောက်ဘေးကိုသွားရာမှာ တရွာတည်းနေအသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ်အမျိုးသားတဦးက အတင်းအဓမ္မပြုကျင့်ဖို့အတင်းဆွဲခေါ်ကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီအမျိုးသမီးငယ်ဟာ လက်ကိုအတင်းဆွဲခေါ်ခံရချိန် ကြောက်လန့်တကြားအော်ဟစ်လို့ အနီးပတ်ဝန်းကျင်ကရွာသားတွေရောက်လာတာကြောင့်အဓမ္မ ပြုကျင့်ဖို့ကြံစည်သူအမျိုးသားထွက် ပြေးသွားခဲ့တယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီအချိန်ဟာ အာရက္ခဒေသမှာ မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်ရေးပြင်းထန်နေသလို အုပ်ချုပ်ရေးယန္တရားတွေမလည်ပတ်နိုင်သေးတာမို့ နစ်နာသူအမျိုးသမီးငယ်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးကိုသာတိုင်ကြားထားခဲ့ပေမယ့် ကြံစည်သူ အမျိုးသားဟာ အာရက္ခတပ်တော်ဆီဝင်ရောက်သွားတဲ့အတွက် ခုချိန်ထိဥပဒေအရအရေးယူနိုင်ခဲ့တာမရှိဘူးလို့လည်း မိသားစုတွေက ဆိုကြပါတယ်။
“အမျိုးသမီးတွေလုံခြုံမှုရှိမရှိဆိုတာ ကျမဖြစ်ရပ်ကသက်သေပြနေတာဘဲ။ ရာဇဝတ်ကောင်ကပြစ်မှုကျူးလွန်ပြီးရင် အေအေတပ်တော်ဆီဝင်သွားတာနဲ့ ပြစ်ဒဏ်မခံယူရတော့ဘဲလွတ်မြောက်သွားတယ်။ အဲလိုလူတွေသာ အာဏာရပြီးအေအေရဲ့အုပ်ချုပ်ရေးကဏ္ဍာတွေမှာပါလာရင်အမျိုးသမီးငယ်တွေလုံခြုံမှုရှိနိုင်မလား။ နစ်နာသူမှာသာ ခုထိအမဲစက်တွေနဲ့ပတ်ဝန်းကျင်မှာ ကဲ့ရဲ့ရှုံ့ချခံနေရတယ်။” လို့ ကျောက်တော်မြို့နယ်၊ခမောင်းတောကျေးရွာမှနစ်နာသူအမျိုးသမီးငယ်က Border News Agency ကို ပြောပါတယ်။
ပေါက်တောမြို့နယ်၊ဟင်းခရော်ကျေး ရွာမှာလည်း ပြီးခဲ့တဲ့ဇူလိုင်လ ၂၉ ရက်နေ့ကအသက်ကိုးနှစ်အရွယ်လေးတန်းကျောင်းသူအမျိုးသမီးငယ်တဦးကို အသက်ခြောက်ဆယ့်ကိုးနှစ်အရွယ်သံဃာတပါးအဓမ္မပြုကျင့်ခဲ့ပြီး ကျူးလွန်သူကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLEPS)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာလည်း ပြီးခဲ့တဲ့မေလ ၆ ရ က်နေ့ကအသက်ကိုးနှစ်အရွယ်အမျိုး သမီးငယ်တဦးမှာအဓမ္မပြုကျင့်သတ် ဖြတ်ခံခဲ့ရပြီး သံသယတရားခံရှစ်ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံ ရေးတပ်ဖွဲ့(DLEPS)က ဖမ်းဆီးစစ် ဆေးနေတယ်လို့ ဆိုကြပါတယ်။
နောက်ပြီး မြေပုံမြို့နယ်၊ လွန်းလုံးပိုင်းကျေးရွာမှာ ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၀ ရ က်နေ့ ညကလည်း အသက်နှစ်ဆယ့်လေးနှစ်အရွယ်အမျိုးသမီးတဦးကို အိမ်နီးနားချင်းဖြစ်တဲ့ အသက်နှစ်ဆယ့်လေးနှစ်အရွယ်အမျိုးသားလူငယ်တဦးက ရိုက်နှက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီအမှုမှာနစ်နာသူအမျိုးသမီးက ရာဇတ်သတ်ကြီးပုဒ်မ ၃၂၅ ၊ပုဒ်မ ၄၅၂ ၊ပုဒ်မ ၃၀၇ နဲ့ တရားစွဲဆိုအမှုဖွင့်ခဲ့ပေမယ့်တနှစ်ကျော်ကြာတဲ့ထိ ထူးခြားမှုမရှိလို့ ပြီးခဲ့တဲ့ဇူလိုင်လက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကအမှုမှန်ပေါ် ပေါက်အောင် ပြန်လည်စစ်ဆေးနေသလို တရားခံဖြစ်သူကိုအာမခံပေးလွှတ်ပေး ခဲ့တဲ့တရားသူကြီးကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စီရင်ချက်မချရသေးသလို ကျန်တဲ့အမှုတွေမှာလည်း ကျူးလွန်သူတရားခံတွေကို ပြစ်ဒဏ်မချမှတ်သေးသလို နစ်နာသူအမျိုးသမီးအပါအဝင်မိသားစုကို ဖိအားပေးခြိမ်းခြောက်တာတွေ ပြုလုပ်နေကြတယ်လို့ မြေပုံဒေ သခံတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ ဥပဒေရဲ့အကာအကွယ်ပေးမှုအော က်မှာ အပြည့်အဝလုံခြုံမှုရှိတယ်လို့ပြီးခဲ့တဲ့ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အာရက္ခတ ပ်တော်က ပြောဆိုခဲ့ပါတယ်။
“ULA/ AA ထိန်းချုပ်နယ်မြေထဲမှာ နေကြတဲ့အမျိုးသမီးတွေ လုံခြုံမှု၊ဥပဒေအရ အကာအကွယ်ပေးမှုတွေရှိသလားလို့ဆိုတော့ ၁၀၀ % ရှိတယ်လို့ အခိုင်အ မာပြောဆိုနိုင်ပါတယ်။ဘာကြောင့်လ ည်းဆိုတော့ ကျနော်တို့ကအရင်ကစစ်ကောင်စီထိန်းချုပ်ခဲ့တာနဲ့ခု ULA/ AA ထိန်းချုပ်ပြီးနောက်ပိုင်း အဲဒါတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပြည်သူတွေရဲ့လုံခြုံရေး၊အမျိုးသမီးတွေရဲ့လုံခြုံ ရေးဟာ အရင်ထက်ပိုပြီး အများကြီးတိုးတက်မှုရှိလာတာကို ကျနော်တို့ တွေ့ရပါတယ်။ဥပဒေရဲ့အကာအကွယ် အ မျိုးသမီးတွေရဲ့လုံခြုံရေးဟာလုံးဝ ၁၀၀ % ရှိတယ်လို့ ကျနော်တို့ပြောနိုင်ပါတယ်။ကျနော်တို့ဟာ ဥပဒေအရ လိုအ ပ်တဲ့အကာအကွယ်အလုံးစုံကို အပြည့် အဝပေးထားပါတယ်။ဥပမာအားဖြင့် အနှောင့်အယှက်ပေးခံရတာတွေဖြစ် လာတယ်လို့ဆိုတာနဲ့ ကျနော်တို့ကဥပ ဒေကြောင်းအရ မည်သူ့ကိုမှ ခွင့်လွှတ်ပေးမှာမဟုတ်ပါ။ပြီးတော့ သက်ဆိုင် ရာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။” လို့ အာရက္ခတပ်တော်ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေလျော့ နည်းမလာဘဲခြိမ်းခြောက်မှုတွေသာပိုတိုးလာပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိမ်းမှုတွေအပါအဝင်အတင်းအဓမ္မပြုကျင့်မှုတွေ မကြာခဏဖြစ်ပွားနေတာမို့ အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြဆဲလို့ အမျိုးသမီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအမှုတွေကို ဖမ်းဆီးအရေးယူအပြစ်ပေးတာတွေ နည်းပါးနေတယ်လို့ ပြည်သူလူထုဝေဖန်ပြောဆိုပြီးနောက် တ ရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLE PS)က ဖမ်းဆီးအရေးယူအ ပြစ်ပေးတာတွေပြုလုပ်လာနေတယ်လို့
ပြည်သူတွေက ဆိုကြပါတယ်။
ဒါပေမယ့် အပြစ်ပေးအရေးမယူနိုင်သေးတဲ့အမှုတွေအများကြီးရှိနေသေးတာမို့ အမြန်ဆုံးဖမ်းဆီးအရေးယူအပြ စ်ပေးပြီး တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးကို ဖော်ဆောင်ကာ ပြည် သူလူထုယုံကြည်မှုကို တည်ဆောက်ပြဖို့ ပြည်သူတွေကတောင်းဆိုနေကြပါတယ်။
အာရက္ခဒေသမှာ အမျိုးသမီးတွေ ဘေးကင်းလုံခြုံပြီးအကြမ်းဖက်ခံရမှုတွေ၊ မုဒိန်းမှုတွေလျော့နည်းအောင် တရားဥပ ဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)ဟာ အမျိုးသမီးတွေအပေါ်မုဒိန်းမှုတွေအပါအဝင် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေကျူးလွန်သူတွေကို တိုင်းတန်းဖမ်းခိုင်းရင် ဘက်လိုက်မှုမရှိဘဲ ဖမ်းဆီးတရားစီရင်ချက်တွေ ချမှတ်ပေးဖို့လိုအပ်နေတယ်လို့လည်း အမျိုးသမီးတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






