Border News Agency
စစ်ကိုင်း၊ စက်တင်ဘာလ ၁၁။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊နန်းစော င်းပုရွာသစ်သို့ထိုးစစ်ဆင်လာတဲ့ အိန္ဒိယနိုင်ငံသားတွေအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခုနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသမှ စက်တင် ဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
သူတို့တွေဟာ နန်းစောင်းပုရွာသစ်သို့ထိုးစစ်ဆင်လာတာဖြစ်ပြီး စက်တင် ဘာလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ် သုံ့ပန်းခုနှစ်ဦးဖမ်းဆီးရမိပြီး အလော င်းလေးလောင်းနဲ့ လက်နက်ငါးလက် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဘက်မှဒကစ(ကလေး) လက်အောက်ခံ တတက – ၁၀ မှ ဗိုလ်မှူးရဲမျိုးမင်းနဲ့ ဗိုလ်ကြီးပြည့်ဖြိုးအောင်၊ ဗိုလ်ကြီးနိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ ၃၆၁၊ ၃၆၂၊ ၃၆၃၊ဆသရ-၆၊ခလရ (၈၇၊ ၂၂၉)၊ SNA၊အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း ULFAနဲ့ နာဂ NSAC တပ်ဖွဲ့ဝင် အင်အား ၁၃၀ခန့်နဲ့ထိုးစစ်ဆင်လာတာလို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို ကလေးခရိုင် ကွပ် ကဲရေးမှူး ဦးစီးတဲ့ကလေးခရိုင် အမှတ် ၁၊ ၃၊ ၄ တပ်ရင်း၊အထူးလှုပ်ရှား ၅၊ ၆ တပ်ရင်း၊ကလေးမြို့နယ် ပကဖ၊က လေးဝမြို့နယ် ပကဖ၊မင်းကင်းမြို့နယ် ပကဖ၊ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖနဲ့ Zoland PDF တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း MA-1၃ လက်၊MA-3 ၁ လက်၊ MA-11 ၁လက်၊ 7.62 ကျည် ၂၇၇ တောင့်၊5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး ၁လုံး၊ RPG ပို့ယမ်း ၃ ခု၊နင်းမိုင်း (၁၂) ခု၊မိုင်းရှင်းစက် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခုနဲ့ မူးယစ်ဆေးအမျိုးအစား ၃ မျိုးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်က လက် နက်ကြီးတွေပစ်ခတ်တာ၊ဒရုန်းတွေနဲ့ဗုံးကြဲတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကလေးခရိုင်အတွင်း အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ကသည်းULFAနဲ့ နာဂ NSAC တပ်ဖွဲ့တွေကိုဩဂုတ်လမှ စတင်အသုံးပြုခဲ့တာဖြစ်ပြီး သူတို့အဖွဲ့တွေဟာဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာတဲ့သ င်္ဘောတွေနဲ့ပါလာခဲ့တာလို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းကို ဩဂုတ် ၆ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နေ့ကလည်းစစ်သုံ့ပန်း ၁ဦး၊အလောင်း၃ လောင်းနဲ့ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။