Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၂။
အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့၂၂ ကြိ မ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်တွေအစည်းအဝေး(22nd ASEAN Air Chiefs Conference-22nd AACC)သို့ စစ်ကော်မရှင်ရဲ့လေတပ်ကာကွယ်ရေး ဦးစီးချုပ်၊ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့အဖွဲ့တွေတက်ရောက်ခဲ့ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့လေတပ်ကာကွယ်ရေးဦးစီးချုပ်၊ဗိုလ်ချုပ်ကြီးထွန်းအောင်ဦးဆောင်တဲ့အဖွဲ့ဟာ စက်တင်ဘာလ ၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့သွားရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ လာအိုလေတပ်ဦးစီးချုပ် Major General Khamlek Sengphachanh၊ဘရူနိုင်းလေတပ်ဦးစီးချုပ် Brigadier General (U) Haji Haszahaidi bin Haji Ahmad Daud နဲ့အင်ဒိုနီးရှား လေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono ဟာ စက်တင်ဘာလ ၇ ရက်နေ့ကပထမဦးဆုံးသီးခြားတွေ့ဆုံပြီးနှစ်နိုင်ငံလေတပ်တွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့လေတပ်အဖွဲ့ဟာစက်တင်ဘာလ ၈ ရက်နေ့မှာဂျကာတာမြို့ရှိ The Ritz-Carlton Ballroom ကျင်းပပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်တွေအစည်း အဝေး(22nd ASEAN Air Chiefs Conference-22nd AACC)တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အာဆီယံလေတပ်ဦးစီးချုပ်တွေက “ASEAN Inclusivity and Sustainability of Non-Combatant Evacuation Operations” အကြောင်း အရာကို တဦးချင်းဆွေးနွေးခဲ့ကြပြီး သဘောတူဆုံးဖြတ်ချက်တွေအတွက်အတည်ပြုလက်မှတ်ထိုးခဲ့ကြတယ်လို့ဆိုပါတယ်။