Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁၃။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်တွေမှာ မလေးရှားနိုင်ငံကိုပို့မယ့် ကျပ်ဘီလီယံ ၁၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်မှစက်တင်ဘာလ ၁၂ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီကျပ်ဘီလီယံ ၁၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ကျူးလွန်သူ ၁၆ ဦးကိုလည်း ဖမ်းဆီးခဲ့တယ့လို့ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၅ ရပ် ကွက်၊ အမှတ် ၄ လမ်းမကြီးရှိ ဂိုထောင်တခုကို စက်တင်ဘာလ ၅ ရက်၊ မနက်ပိုင်းကဝင်ရောက်ရှာဖွေချိန်အာရက္ခတပ်တော်(AA)ရဲ့ထောက်ပံ့ရေးဒုတိယတာဝန်ခံထွန်းထွန်းနိုင်နဲ့အဖွဲ့ဝင်အေးသန်းထွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းမိခဲ့တယ်လို့ စစ်ကော်မရှင်ကစွပ်စွဲထားပါတယ်။
အဲဒီအပြင်အားလျံ(ခေါ်)ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင်(ခေါ်)အယ်လ်တီ၊အေးမြ င့်နဲ့လင်းမင်းထက်တို့ခြောက်ယောက်ကို အိုက်စ် ၁၈၄၀ ကီလိုဂရမ်၊စိတ်ကြွရူးသွပ်ဆေးပြားအပြား သိန်း ၄၀၊ဘိန်း ဖြူအမှုန့် ၁၄ ကီလိုဂရမ်၊Canter အဖြူရောင်ယာဉ်တစီးနဲ့ ဖမ်းမိခဲ့တယ်လို့လည်းဆိုပါတယ်။
မူးယစ်ဆေးဝါးတွေသယ်ဆောင်ရာမှာ ရှေ့ပြေးအဖြစ်လိုက်ပါလာတဲ့ အာရက္ခတပ်တော်ထောက်ပံ့ရေးအဖွဲ့ဝင် ဝင်းနိုင်ဆန်း၊ရေကြောင်းမှသယ်ဆောင်နိုင်ဖို့ စက်လှေရှာဖွေပေးမယ့်သူဇော်မျိုး၊မောင်မောင်စိုးတို့ကိုလည်းယာဉ်တစီးနဲ့အတူထပ်ပြီးဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကျူးလွန်သူ ၁၆ ဦးကို ကျပ်ဘီလီယံ ၁၇၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေ၊မော်တော်ယာဉ် ၅ စီးနဲ့အတူဖမ်းမိခဲ့ပြီးမူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်ရဲ့ထောက်ပံ့ရေးတာဝန်ခံ မင်းမြတ်ကျော်က မလေးရှားနိုင်ငံကို ပို့ ဆောင်ရောင်းချမှာဖြစ်တယ်လို့ စစ်ကော်မရှင်က စွပ်စွဲထားပါတယ်။
အဲဒါကြောင့် ဖမ်းမိတဲ့ကျူးလွန်သူတွေကို ဥပဒေအရထိထိရောက်ရောက်အရေးယူသွားမှာဖြစ်ပြီး ဖမ်းဆီးဖို့ ကျန်တဲ့ကျူးလွန်သူတွေနဲ့ဆက်စပ်သူတွေကိုပါ ဖမ်းမိနိုင်ရေး ဆက်လက်ဆောင် ရွက်နေတယ်လို့ဆိုပါတယ်။