Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၄။
လွှတ်တော်သုံးရပ်ရဲ့စုစုပေါင်းမဲဆန္ဒ နယ် ၁၂၁ နေရာမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရ က်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမကျင်းပတဲ့လွှတ်တော်သုံးရပ်ရဲ့ မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲဒီပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်တွေရဲ့ စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ နေရာမှာရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးစတဲ့ဆယ်မြို့နယ်ပါဝင်ပါတယ်။
အဲဒီဆယ်မြို့နယ်မှာပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်မကျင်းပတာဖြစ်သလိုအမျိုးသားလွှတ်တော်ဆန္ဒနယ်နှစ်နေရာပါဝင်ပါတယ်။
အဲဒီအပြင် အဲဒီဆယ်မြို့နယ်မှာပြည်န ယ်လွှတ်တော်အတွက် မဲဆန္ဒနယ်တွေလည်း မကျင်းပဘူးလို့ ဆိုပါတယ်။
ဒေါက်တာအေးမောင်ဦးဆောင်တဲ့ရခိုင့်ဦးဆောင်ပါတီ(AFP)အပါအဝင် ရခိုင်အခြေစိုက်ပါတီခြောက်ခုထိမှတ်ပုံတင်ထားကြပါတယ်။
စစ်ကော်မရှင်လက်အောက်ခံရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ(MNDP) အပါအဝင် ရခိုင်အမျိုးသားပါတီ(AN P)ရဲ့ကျောက်ဖြူအမတ်ဟောင်းဦးဘရှိန်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားများပါတီ(RNP)ကို စစ်ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
ရခိုင့်ဦးဆောင်ပါတီ(AFP)ကတော့ ရခိုင်တပြည်လုံးအပါအဝင် ၆၄ နေရာဝင်ပြိုင်မယ်လို့ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်ကို ဖြေဆိုထားပါတယ်။






