Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အခွန်ကိုရည်ရွယ်ချက်ငါးရပ်နဲ့အဓိကကောက်ခံနေတယ်လို့ ULAအသိပေး

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ ဩဂုတ် ၂၇။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီ အခွန်၊အခတွေကို ရည်ရွယ်ချက်ငါးရပ်နဲ့ အဓိကကောက်ခံနေတယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုပါတယ်။

​အာရက္ခပြည်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ ပြည်သူလူထုလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရယန္တရားရေရှည်တည်တံ့ရေးအတွက် အဓိကရည်ရွယ်ချက်ငါးရပ်နဲ့အခွန်ကောက်နေတာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ဗဟိုအခွန်ဌာနက ဆိုပါတယ်။

အာရက္ခပြည်ရဲ့အဓိကဝင်ငွေကို တနှစ်ထက်တနှစ်တိုးမြှင့်ကောက်ခံနိုင်ဖို့၊ လုံခြုံရေးနဲ့အုပ်ချုပ်ရေးယန္တရားတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့၊ ပြည်သူတွေရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကိုထိန်းညှိစီမံနိုင်ဖို့ အဓိကရည်ရွယ်ပြီးအခွန်ကောက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

​အဲဒီအပြင်ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေပေးအပ်နိုင်ရေး၊ လူမှုရေးတန်းတူညီမျှမှုတိုးတက်စေရေးနဲ့ တိုင်းပြည်ရဲ့ဝင်ငွေတွေ အလဟဿဆုံးရှုံးမှုမရှိစေရေးတို့အတွက် အဓိကရည်ရွယ်ပြီးအခွန်ကောက်ခံရတာဖြစ်ကြောင်း ULA က ရှင်းလင်းထားပါတယ်။

​အခွန်ဌာနအနေနဲ့ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို ကာကွယ်ရေး၊လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားဆောက်လုပ်ရေး အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို နေရာချထားပေးတဲ့ကဏ္ဍတွေမှာ စနစ်တကျ ပြန်လည်သုံးစွဲနေတယ်လို့ဆိုပါတယ်။

ခု​လက်ရှိမှာအခြေခံစားသောက်ကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားပြီး ပြည်သူတွေဝန်ထုပ်ဝန်ပိုးမဖြစ်စေမယ့် နှုန်းထားတွေနဲ့ ကုန်သွယ်လုပ်ငန်းခွန်၊မော်တော်ယာဉ်နဲ့ အိမ်ခြံမြေအရောင်းအဝယ် ကဏ္ဍတွေမှာစနစ်တကျအခွန်ကောက်ခံနေတာလို့လည်းဆိုပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီ အခွန်၊အခတွေကောက်ခံနေတာဖြစ်ပါတယ်။

ဒါပေမယ့်အကောက်ခွန်နဲ့အခွန်ဌာနရဲ့ တရားဝင်ပြောဆိုချက်တွေနဲ့ကွဲလွှဲပြီး မြေပြင်မှာပိုမိုကောက်ခံမှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဝန်ထမ်းတချို့ဟာ အခွန်ကောက်ခံရထားတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်အသုံးပြုနေကြတာတွေ၊အဂတိလိုက်စားထားတဲ့အချက်အလက်တချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။

PrevPreviousတိဗက်မှရေကြီးမှုကြောင့် နီပေါမှာကိုးဦးသေဆုံးပြီး ရွာလုံးကျွတ်ရေမျှောပါ
Nextအာရက္ခပြည်သူ့ကျန်းမာရေး ကြီးကြပ်သင်တန်းသားသစ်တွေခေါ်ယူနေNext
Previous Post

တိဗက်မှရေကြီးမှုကြောင့် နီပေါမှာကိုးဦးသေဆုံးပြီး ရွာလုံးကျွတ်ရေမျှောပါ

Next Post

အာရက္ခပြည်သူ့ကျန်းမာရေး ကြီးကြပ်သင်တန်းသားသစ်တွေခေါ်ယူနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - Assam Rifles

မီဇိုရမ်မှာ ရူပီခုနှစ်ဆယ်ကျော်တန်ဖိုးရှိဆေးလိပ်တွေ ဖမ်းမိ

October 11, 2026
Photo - APM

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံး (ဓာတ်ပုံသတင်း)

October 11, 2026

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ခြောက်ဦးသေဆုံး

October 10, 2026

အရပ်သားတွေရဲ့ အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

October 10, 2026

ချင်းမိုင်မှာမြန်မာနိုင်ငံသားတဦးဆီမှ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)

သာမွတ်စခွန်မှာ အလှကုန်ပစ္စည်းအတုဂိုဒေါင်စီးနင်းခံရလို့ မြန်မာသုံးဦးဖမ်းခံရ(ဓာတ်ပုံသတင်း)

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပိုင်းမှာထပ်ခြံစည်းရိုးခတ်မယ်(ဓာတ်ပုံသတင်း)

​မလေးရှားမှာ မြန်မာတရာ့လေးဆယ်ဦးဖမ်းခံရ(ဓာတ်ပုံသတင်း)

SCEF နဲ့ ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒုတိယအကြိမ်အွန်လိုင်းကတွေ့

အရပ်သားပြည်သူတွေရဲ့အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

Releated Post

ဓာတ်ပုံ-အမှတ် ၅ ထိုင်းရဲတပ်ဖွဲ့

ချင်းမိုင်မှာမြန်မာနိုင်ငံသားတဦးဆီမှ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိ (ဓာတ်ပုံသတင်း)

October 10, 2026
​ဓာတ်ပုံ - Khaosod

သာမွတ်စခွန်မှာ အလှကုန်ပစ္စည်းအတုဂိုဒေါင်စီးနင်းခံရလို့ မြန်မာသုံးဦးဖမ်းခံရ(ဓာတ်ပုံသတင်း)

October 10, 2026
​ဓာတ်ပုံ - N. Biren Singh

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပိုင်းမှာထပ်ခြံစည်းရိုးခတ်မယ်(ဓာတ်ပုံသတင်း)

October 10, 2026
ဓာတ်ပုံ-မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန

​မလေးရှားမှာ မြန်မာတရာ့လေးဆယ်ဦးဖမ်းခံရ(ဓာတ်ပုံသတင်း)

October 10, 2026
​ဓာတ်ပုံ - SCEF

SCEF နဲ့ ULA/AA ထိပ်ပိုင်းခေါင်းဆောင်တွေ ဒုတိယအကြိမ်အွန်လိုင်းကတွေ့

October 10, 2026

အရပ်သားပြည်သူတွေရဲ့အကာအကွယ်ကို ပျက်စီးအောင်လုပ်ခြင်း

October 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page