Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း

ဓာတုလက်နက်အန္တရာယ်ကာကွယ်ရေး ဘာတွေသိထားသင့်လဲ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

​Border News Agency
မြောက်ဦး၊ဩဂုတ် ၂၇။

​ဓာတုလက်နက်(Chemical Weapons) ဆိုတာ လူသားတွေဖန်တီးထားတဲ့အဆိပ်ဓာတ်ငွေ့၊ အရည်နဲ့အမှုန့်တွေဖြစ်ပြီး အမြောက်ကျည်၊ဒုံးကျည်၊ လေကြောင်းဗုံးကြဲမှုနဲ့ ဒရုန်းဗုံးသီးတွေကတဆင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိပါတယ်။

အဲဒီအဆိပ်သင့်ပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့အဆုတ်၊ အရေပြား၊ မျက်လုံးနဲ့အမြှေးပါးတွေကတဆင့် အလွယ်တကူဝင်ရောက်နိုင်ပြီး ဦးနှောက်၊အာရုံကြောနဲ့ အသက်ရှူလမ်းကြောင်းစတဲ့ အင်္ဂါအဖွဲ့အစည်းတွေကို ပြင်းထန်စွာပျက်စီးစေနိုင်တာကြောင့် အာရက္ခပြည်သူ့ကျန်း မာရေးဌာနက အသိပညာပေးထုတ်ပြန်ထားပါတယ်။

​ဓာတုလက်နက်သုံးစွဲခံရကြောင်း သံသယဖြစ်နိုင်တဲ့လက္ခဏာတွေ

၁။​ထိခိုက်ဒဏ်ရာမရှိဘဲဗြုန်းဒိုင်းကြီး အဆိပ်သင့်လက္ခဏာပြတာ သို့မဟုတ် လူအများအပြားသေဆုံးတာ။

၂။​ရရှိထားတဲ့ဒဏ်ရာနဲ့မသက်ဆိုင်ဘဲ ပြင်းထန်တဲ့ဝေဒနာခံစားရတာ။

၃။​ပုံမှန်မဟုတ်တဲ့အနံ့၊အရည်၊အငွေ့တွေနဲ့ထိတွေ့ပြီးနောက် အဆိပ်သင့်လက္ခဏာတွေပေါ်လာတာ။

၄။​ကျွဲ၊နွား၊တိရစ္ဆာန်တွေ ပုံမှန်မဟုတ်ဘဲ အစုလိုက်အပုံလိုက်သေဆုံးတာ။

ပြသလေ့ရှိတဲ့အဆိပ်သင့်လက္ခဏာတွေ

အစပိုင်းမှာမျက်ရည်ကျတာ၊မျက်စိစပ်တာ၊မျက်သားရောင်တာ၊မျက်စိယာယီမမြင်ရတာ၊လည်ချောင်းနာတာနဲ့အသံဩလာတာတွေ ခံစားရနိုင်ပါတယ်။

အဲဒီအပြင်​နာရီပေါင်းများစွာကြာပြီးနောက် အရေပြားနီရဲရောင်ရမ်းပြီး အရည်ကြည်ဖုတွေထွက်လာတာ၊မကျက်နိုင်တဲ့အနာတွေဖြစ်တာ၊ချောင်းဆိုးပြီး အသက်ရှူရခက်ခဲလာတာစတဲ့လက္ခဏာတွေပြသလေ့ရှိပါတယ်။

​ဓာတုလက်နက်တိုက်ခိုက်ခံရရင် လိုက်နာရမယ့်ဆောင်ရန်၊ရှောင်ရန်တွေ

​ဓာတုလက်နက်နဲ့တိုက်ခိုက်ခံရတယ်လို့ သံသယရှိရင်စိတ်ကိုငြိမ်ငြိမ်ထားဖို့လိုအပ်ပါတယ်။

အဆိပ်ဓာတ်ငွေ့နဲ့ဝေးရာ ဟင်းလင်းပြင်လေတင်ဘက်နဲ့အမြင့်ပိုင်းနေရာတွေကို အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ရပါမယ်။

အဝတ်အစားတွေရဲ့ ခြည်မျှင်တွေမှာ အဆိပ်တွေခိုအောင်းနေတတ်တာကြောင့် ဝတ်ဆင်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းချွတ်ပြီး ပလတ်စတစ်အိတ်ထဲ လုံခြုံစွာထည့်သွင်းသိမ်းဆည်းရပါမယ်။

အဲဒီလိုအဝတ်အစားတွေကို ဖယ်ရှားလိုက်တာဟာ အဆိပ်ဓာတ်ကို ၈၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ပါတယ်။

အဲဒီအပြင်​ခန္ဓာကိုယ်ကိုဆေးကြောရာမှာ ရေနဲ့ဆပ်ပြာကိုအသုံးပြုပြီး “ဆေး – သုတ် – ဆေး”နည်းစနစ်အတိုင်းစနစ်တကျဆေးရပါမယ်။

အရေပြားပေါ်ရှိအဆိပ်တွေကိုစုပ်ယူနိုင်တဲ့ ပေါင်ဒါ သို့မဟုတ် လိမ်းဆေးတွေအသုံးပြုနိုင်ပြီး ရေကိုအလွန်အမင်းအများအပြားမသုံးရပါဘူး။

ရေအလွန်အကျွံသုံးရင် အဆိပ်တွေပိုမိုပြန့်နှံ့သွားနိုင်တာကြောင့် သတိပြုရပါမယ်။

မျက်လုံးမှာ ထိခိုက်ရင်သန့်ရှင်းတဲ့ရေ သို့မဟုတ် ၀.၉ ရာခိုင်နှုန်း ဆလိုင်း (0.9% Saline) နဲ့သာ ဆေးကြောရပါမယ်။

အဆိပ်သင့်လက္ခဏာမပြသေးရင်လည်း ထိတွေ့မှုရှိခဲ့ပါကနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ပြသရပါမယ်။

အဲ​ဒီအသိပညာပေးဟာ စစ်ရေးပဋိပက္ခနယ်မြေတွေအတွင်း ပြည်သူတွေအနေနဲ့ မိမိကိုယ်ကို အကာအကွယ်ပေးနိုင်ဖို့၊ဓာတုအဆိပ်သင့်မှု လက္ခဏာတွေကို ကြိုတင်ရိပ်မိနိုင်ဖို့နဲ့ အသက်အန္တရာယ်ထိခိုက်မှုကို အတ်ဆိုးရွားဆုံးအဆင့်ထိမရောက်အောင် အရေးပေါ်ရှေးဦးပြုစုနည်းတွေကို စနစ်တကျလိုက်နာကျင့်သုံးနိုင်စေဖို့ရည်ရွယ်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိပညာပေးနှိုးဆော်ထားတာဖြစ်ပါတယ်။

PrevPreviousအာရက္ခနည်းပညာသိပ္ပံကျောင်း သင်တန်းသားသစ်ခေါ်ယူနေ
Nextအခွန်ပေးဆောင်မှုတွေကို အွန်လိုင်းစနစ်နဲ့ပြောင်းလဲဖို့ ULA ပြင်ဆင်နေNext
Previous Post

အာရက္ခနည်းပညာသိပ္ပံကျောင်း သင်တန်းသားသစ်ခေါ်ယူနေ

Next Post

အခွန်ပေးဆောင်မှုတွေကို အွန်လိုင်းစနစ်နဲ့ပြောင်းလဲဖို့ ULA ပြင်ဆင်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page