Border News Agency
ကလေး၊ စက်တင်ဘာလ ၁၇ ။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ဆီမှာစစ်ကော်မရှင်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းတဲ့တပ်သား ၁၄ ဦးလက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတယ်လို့ Droneတပ်ဖွဲ့(Wing of Kalay)မှ စက်တင်ဘာလ ၁၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်ရဲ့အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းတဲ့တပ်သား ၁၄ ဦးဟာ ပြီးခဲ့တဲ့ဇူလိုင်နဲ့ ဩဂုတ်လမှာ MA-3 အ မျိုးအစားလက်နက်ငယ် ၅လက် ၊MA-1 အမျိုးအစား လက်နက်ငယ် ၂ လက်၊ လက်ပစ်ဗုံးသီး ၉လုံး၊၆၀ မမ လက် နက်ကြီးကျည် ၄ ဖူး၊အီနာဂါ ၃လုံး၊ကျ ည်ဘောက် ၁၅ဘောက်၊ ၅.၅၆ ကျည် ၁၂၀၀တောင့်နဲ့အတူ အလင်းဝင်လာတယ်လို့ဆိုပါတယ်။
အဲဒီအလင်းဝင်လာတဲ့သူတွေကို အရေးပေါ်ဆုငွေ ၁ဦးကိုကျပ်ငွေသိန်း ၃၀ စီချီးမြှင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေနဲ့အတူစစ်ကော်မရှင်ကိုပြန်ပြီး တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာလူငယ်လူရွယ်တွေကို အဓမ္မပေါ်တာဆွဲစစ်မှုထမ်းစေပြီး စစ်မြေပြင်မှာအသေခံစေကာ စစ်အာဏာရှင်သက်ဆိုးရှည်စေရေးအတွ က်လူမဆန်တဲ့လုပ်ရပ်ကိုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်တွေအမြစ်ပြတ်တဲ့ထိအခြားတော်လှန်ရေးညီအကိုတွေဖြစ်တဲ့တပ်ရင်း၊တပ်ဖွဲ့တွေနဲ့အတူ ဆ က်ပြီးတိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။