Border News Agency
ပေါက်တော၊ စက်တင်ဘာ ၁၈။
စစ်တွေမြို့အနီးရှိ စစ်ကော်မရှင်ရေယာဥ်က လက်နက်ကြီးပစ်ခတ်တဲ့အတွက် ပေါက်တောမြို့နယ်မှာ အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
အဲဒီပေါက်တောမြို့နယ်၊ မင်းတဲရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မလှသ န်းနုဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၇ ရက်နေ့က စစ်တွေမြို့အနီးရှိစစ်ရေယာဥ်မှပေါက်တောမြို့နယ်ကို လက်န က်ကြီးလေးဆယ်ကျော်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲလိုပစ်ခတ်တဲ့အတွက် မင်းတဲရွာမြစ် ကမ်းနားမှာ ဂုံးကောက်နေတဲ့ မလှသန်းနုဟာ ဘယ်ဖက်ရင်အုံမှာ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတ ယ်။
စစ်တွေမြို့အခြေစိုက်စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းနဲ့ပေါက်တောစတဲ့မြို့နယ်တွေကို လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေတယ်လို့ ပြ ည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။