Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၁၈။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတာဝန်ခံမောင်မြတ်တင်နဲ့ကျော်ဝ င်းဟာ စစ်ဘေးရှောင်အကူအညီတွေကိုအလွှဲသုံးစားကျူးလွန်ထားကြတာမို့အရေးယူပေးကြဖို့ စစ်ဘေးရှောင်တွေတောင်းဆိုနေကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းဟာ ပုဏ္ဏားကျွန်းမြို့နဲ့ယိုးတရုတ်ရွာကြားမှာရှိပြီး သူတို့ဟာ စစ်ဘေးရှောင်တွေအတွက်အ ကူအညီဆန်အိတ်တွေ၊ငွေကြေးတွေကိုအလွှဲသုံးစားလုပ်ကိုယ်ကျိုးအတွက်အသုံးပြုခဲ့ကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“ဆန်အိတ်တွေကို ရောင်းစားကြပါတယ်။ ပိုက်ဆံတွေကိုလည်းအလွှဲသုံးစားပြုလုပ်ကြပါတယ်။ ကျမတို့ကိုလည်းခြိ မ်းခြောက်ကြပါတယ်။ သူတို့နှစ်ဦးကို အရေးယူပေးစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတာဝန်ခံတွေဟာ စစ်ဘေးရှောင်တွေအတွက်အကူ အညီဆန်တွေကို အကြိမ်ကြိမ်ရောင်း စားခဲ့ကြသလို စစ်ဘေးရှောင်တွေရဲ့ငွေတွေကိုလည်း ကိုယ်ကျိုးအတွက်အသုံးပြုခဲ့ကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒါကြောင့် သူတို့နှစ်ဦးကိုအရေးယူပေးဖို့ စစ်ဘေးရှောင်တွေလက်မှတ်ထိုးတိုင်ကြားထားပေမယ့် အမှတ် ၃ နယ် မြေတာဝန်ခံ(အရင်)ဦးမောင်မောင်ဟာသူတို့နှစ်ဦးကို အရေးမယူဘဲအကာအ ကွယ်ပေးထားခဲ့တယ်လို့ စစ်ဘေးရှော င်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတာဝန်ခံနှစ်ဦးဟာစစ်ဘေးရှောင်အမျိုးသမီးတချို့ကို ခြိမ်းခြောက်ဆဲဆိုတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“စစ်ဘေးရှောင်အချင်းချင်း ဖေးမကူညီစိတ်မရှိဘဲ တုတ်ကိုင်ပြီး နေအိမ်ပေါ်တ က်လာပါတယ်။ပြီးတော့ ဆဲပါတယ်။ဓားနဲ့ခုတ်သတ်မယ်ဆိုပြီးတော့လည်း ခြိမ်ခြောက်တယ်။စစ်ဘေးရှောင်တွေအတွက်ရလာတဲ့အခွင့်အရေးတွေကို ခေါင်းပုံဖြတ်ပြီး ကိုယ်ကျိုးအတွက်အ သုံးပြုပါတယ်။”လို့ စစ်ဘေးရှောင်အ မျိုးသမီးတဦးက ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတာဝန်ခံနှစ်ဦးဟာ စစ်ဘေးရှောင်တွေအတွက်အကူ အညီတွေရတိုင်း ကိုယ်ကျိုးအတွက်အ သုံးပြုနေကြသလို စစ်ဘေးရှောင်တွေကို ခြိမ်းခြောက်တာတွေပြုလုပ်နေကြပေမယ့်နယ်မြေတာဝန်ခံတွေက အရေးယူတာတွေမရှိသေးဘူးလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းတာဝန်ခံနှစ်ဦးဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအမည်ကိုအသုံးချပြီး စစ်ဘေးရှောင်တွေအပေါ်အမြတ်ထုတ်ခြိမ်ခြောက်တာတွေရှိနေသလို ဒီလပ်အမည်ကိုလ ည်းအသုံးချငွေကြေးကောက်ခံတာတွေလည်းရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် သူတို့နှစ်ဦးကို စစ်ဆေးအရေးယူပေးကြဖို့လိုအပ်နေပြီး နယ်မြေတာဝန်ခံတွေကအကာအကွယ်ထပ်ပေးထားရင် စစ်ဘေးရှောင်တွေ၊ပြည်သူတွေယုံကြည်မှုကျဆင်းလာနိုင်တယ်လို့ဆိုကြပါတယ်။