Border News Agency
ဖားအံ၊ စက်တင်ဘာ ၂၁။
စစ်ကော်မရှင်တပ်ဟာ ခုနှစ်လအတွင်းမှာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုပေါင်း ၁,၂၇၇ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ဟာ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့ထိကော်သူးလေအုပ်ချုပ်နယ်မြေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းတိုက်ခိုက်တာအပါအဝင် ပြည်သူကိုထိခိုက်စေတဲ့ အကြမ်းဖက်မှု စုစုပေါင်း ၁,၂၇၇ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါတွေဟာကေအဲန်ယူ-လူ့အခွင့်အရေးကော်မတီမှ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဟာ နိုင်ငံတဝှမ်းငြိမ်းချမ်းရေးကို ဆွေးနွေးနေတယ်လို့ အမြဲလိုလိုကြေညာနေပေမယ့် လက်တွေ့မှာမြန်မာနိုင်ငံတဝှမ်းနဲ့ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆက်မပြတ်နေ့စဉ်ရက်ဆက် ကျူးလွန်နေတယ်လို့ဆိုပါတယ်။
အဲဒီလိုလူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူအများအပြားသေဆုံးခဲ့ရပြီး အိမ်ထောင်စုတွေ၊ ကျောင်း၊ ဆေးရုံနဲ့ဘာသာရေးဆိုင်ရာအဆောက်အအုံတွေလည်း ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ပြည်သူထောင်ပေါင်းများစွာနေရပ်စွန့်ခွာပြီး ထွက်ပြေးကြရတယ်လို့ဆိုပါတယ်။
စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ဖို့အတွက်အကြမ်းဖက်မှုတွေ ရပ်တန့်ရမှာဖြစ်ပေမယ့် စစ်ကော်မရှင်ပြောဆိုတာတွေဟာ လုပ်ရပ်နဲ့ကွဲလွဲနေတယ်လို့ဆိုပါတယ်။














