Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စီးပွားရေး နိုင်ငံရေး ပေါက်တောမြို့နယ် သတင်း အာရက္ခဒေသ

ပေါက်တောမှာ ငါးဖမ်းနေတဲ့မွတ်ဆလင်အမျိုးသားဆယ့်လေးဦးကို စစ်ကော်မရှင်ဖမ်းဆီးထောင်ချ

(ဓာတ်ပုံ - စစ်တွေမြို့ရှေ့၊ ကုလားတန်မြစ်ထဲမှာတွေ့ရတဲ့စစ်ကောင်စီရေတပ်စစ်သင်္ဘော/ BNA)

(ဓာတ်ပုံ - စစ်တွေမြို့ရှေ့၊ ကုလားတန်မြစ်ထဲမှာတွေ့ရတဲ့စစ်ကောင်စီရေတပ်စစ်သင်္ဘော/ BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
17
VIEWS
Share on FacebookShare on Twitter

Border News Agency
ပေါက်တော၊ စက်တင်ဘာ ၂၅။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ကပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့မွတ်ဆလင်အမျိုးသားဆယ့်လေးဦးကို စစ်ကော်မရှင်တပ်ဖမ်ဆီးထောင်ချလိုက်တယ်လို့ ပေါက်တော​ဒေသခံတွေက ဆိုကြပါတယ်။

သူတို့ဟာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာက အသက်ဆယ့်သုံးနှစ်မှအသက်ငါးဆယ်ကျော်အရွယ် မွတ်ဆလင်အမျိုးသားဆယ့်လေးဦးဖြစ်ကြပါတယ်။

သူတို့တွေဟာ စက်တင်ဘာ ၁၆ ရက်နေ့က ပင်လယ်ပြင်ထဲငါးဖမ်းစက်လှေနဲ့ ငါးဖမ်းနေတာကို စစ်ကော်မရှင်ရေတပ်ကအမြန်ရေယာဥ်နဲ့လာရောက်ဖမ်းဆီးသွားပြီးတဲ့နောက် စစ်တွေခရိုင်တရားရုံးကတဦးစီကို ထောင်ဒဏ်နှစ်နှစ်ခွဲစီချမှတ်လိုက်တာလို့ ဆိုကြပါတယ်။

သူတို့ထောင်ဒဏ်ချမှတ်ခံထားရတာတပတ်ကျော်ရှိနေပေမယ့် အဆက်အသွယ်လုံးဝမရရှိတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်စိတ်ပူနေကြတယ်လို့ ဆိုကြပါတယ်။

“ဖမ်းပြီး ထောင်ချထားတယ်လို့တော့ သတင်းတွေကြားရတယ်။ အဆက်အသွယ်လည်းမရဘူး။ မိသားစုတွေကတော့ စိုးရိမ်နေကြတာပေါ့။ လူငယ်လူရွယ်တွေလည်းပါသွားတော့ ပိုပြီးစိတ်ပူနေကြတယ်။ ခွင့်မရဘဲငါးဖမ်းလို့ ထောင်ချတာလို့လည်း သတင်းတွေကြားရတယ်။”လို့ ပေါက်တောဒေသခံတဦးက Border News Agency ကိုပြောပါတယ်။

သူတို့တွေကိုဖမ်းဆီးပြီး ထောင်ဒဏ်နှစ်နှစ်ခွဲချမှတ်ထားတာဟာ ခွင့်ပြုချက်မရှိဘဲ ပင်လယ်ပြင်မှာငါးဖမ်းနေတာတွေကြောင့်ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် ပင်လယ်ပြင်မှာငါးဖမ်းနေတဲ့ ပေါက်တောမြို့နယ်၊ ချောင်းဝနဲ့ကုန်တန်ကျေးရွာက ဒေသခံရခိုင်အမျိုးသားခုနှစ်ဦးကိုလည်း စစ်ကော်မရှင်ရေတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတည်းက စစ်ကော်မရှင်တပ်က ကုန်လမ်း၊ ရေလမ်းတွေအပြင် ပင်လယ်ပြင်မှာငါးဖမ်းခွင့်တွေကိုလည်း တားမြစ်ကန့်သတ်ထားတာပါတယ်။

စစ်တွေမြို့အခြေစိုက်စစ်ကော်မရှင်ရေတပ်သင်္ဘောတွေဟာ စစ်တွေနဲ့ပေါက်တောပင်လယ်ပြင်မှာ လှုပ်ရှားသွားလာနေပြီး ဒေသခံငါးဖမ်းသမားတွေကို ဖမ်းဆီးတာတွေမကြာခဏပြုလုပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် ရေလုပ်ငန်းလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ ပေါက်တောဒေသခံအများစုဟာ စားဝတ်နေရေးကြောင့်ငါးဖမ်းထွက်ကြတိုင်းစစ်ကော်မရှင်တပ်ဖမ်းဆီးတာတွေကို ခံနေကြရတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ငါးဖမ်းမထွက်ရင်လည်းစားဝတ်နေရေးမပြေလည်ကြတာမို့ ဖမ်းဆီးခံကြရတာကိုသိနေကြပေမယ့် အသက်စွန့်ငါးဖမ်းထွက်ဝမ်းစာရှာဖွေနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတ ယ်။

စစ်ကော်မရှင်ရေတပ်စစ်ရေယာဥ်တွေဟာ ပင်လယ်ပြင်မှာငါးဖမ်းနေတဲ့ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာနဲ့ငရုပ်ချောင်းရွာက ဒေသခံငါးဖမ်းသမားခြောက်ဦးကို စက်တင်ဘာလ ၈ ရက်နေ့ကဖမ်းဆီးသွားတယ်လို့ ဆိုကြပါတယ် ။

အဲဒီအပြင် ပေါက်တောမြို့နယ်၊ မြေငူကျွန်းအနီးမှာငါးဖမ်းနေတဲ့ ပေါက်တောဒေသခံငါးဖမ်းသမားနှစ်ဆယ်သုံးဦးကိုလည်း ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့ကစစ်ကော်မရှင်တပ်ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကော်မရှင်ရေတပ်ဟာ စစ်သည်လက်နက်ရေတပ်စစ်သင်္ဘောတွေဖြည့်တင်းပြီး စစ်တွေ၊ ပေါက်တောအပါအဝင်ရေပြင်နေရာတွေမှာကင်းလှည့်တာတွေပြုလုပ်နေကြပါတယ်။

အဲဒီရေတပ်စစ်သင်္ဘောတွေဟာ ဒေသခံပြည်သူတွေ၊ ငါးဖမ်းသမားတွေကို ပစ်ခတ်တာတွေ၊ မတရားဖမ်းဆီးတာတွေမကြာခဏကျူးလွန်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousTNLA ထိန်းချုပ်နယ်မြေမှာ စစ်ကော်မရှင်သတင်းပေး ဆယ်ဦးကိုဖမ်းဆီး
Nextမလေးရှားမှာ မြန်မာအပါအဝင်နိုင်ငံ ခြားသားခြောက်ရာကျော်ဖမ်းဆီးခံရNext
Previous Post

TNLA ထိန်းချုပ်နယ်မြေမှာ စစ်ကော်မရှင်သတင်းပေး ဆယ်ဦးကိုဖမ်းဆီး

Next Post

မလေးရှားမှာ မြန်မာအပါအဝင်နိုင်ငံ ခြားသားခြောက်ရာကျော်ဖမ်းဆီးခံရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - APM

​မောင်တောမှာ တရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေ DLEPS ဖမ်းဆီး

March 21, 2026

ထားလဲ-နန်းဖဲလမ်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

March 21, 2026

ကွတ်ခိုင်မြို့နယ်မှာ MNDAAပစ်ခတ်လို့ အမျိုးသားတဦးသေဆုံး

March 21, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အစ္စရေးရဲ့ခံစစ်ကိုဖောက်ပြီး ဟိုင်ဖာဆိပ်ကမ်း အီရန်ဒုံးကျည်ထိမှန်

March 21, 2026

​မောင်တောမှာ တရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေ DLEPS ဖမ်းဆီး

ထားလဲ-နန်းဖဲလမ်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

ကွတ်ခိုင်မြို့နယ်မှာ MNDAAပစ်ခတ်လို့ အမျိုးသားတဦးသေဆုံး

အစ္စရေးရဲ့ခံစစ်ကိုဖောက်ပြီး ဟိုင်ဖာဆိပ်ကမ်း အီရန်ဒုံးကျည်ထိမှန်

ဂျေရုဆလင်မှာ အိဒ်ဆုတောင်းပွဲလုပ်တဲ့ ပါလက်စတိုင်းတွေကိုအစ္စရေးလူစုခွဲ

အီရန်ရှိ IRGC ဒုံးကျည်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

Releated Post

Photo - APM

​မောင်တောမှာ တရားမဝင် ပြည်ပအရက်နဲ့ ဘီယာတွေ DLEPS ဖမ်းဆီး

March 21, 2026

ထားလဲ-နန်းဖဲလမ်း တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး

March 21, 2026

ကွတ်ခိုင်မြို့နယ်မှာ MNDAAပစ်ခတ်လို့ အမျိုးသားတဦးသေဆုံး

March 21, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အစ္စရေးရဲ့ခံစစ်ကိုဖောက်ပြီး ဟိုင်ဖာဆိပ်ကမ်း အီရန်ဒုံးကျည်ထိမှန်

March 21, 2026

ဂျေရုဆလင်မှာ အိဒ်ဆုတောင်းပွဲလုပ်တဲ့ ပါလက်စတိုင်းတွေကိုအစ္စရေးလူစုခွဲ

March 21, 2026

အီရန်ရှိ IRGC ဒုံးကျည်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page