မောင်တူရေးသည်။
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၆။
မွှေးရနံသင်းထုံရာမြေ သို့မဟုတ် ဂန္ဓာရတိုင်း၊မိလိန္ဒလိုအင်ဒိုဂရိဘုရင်တွေရှိခဲ့တဲ့နေရာ၊တရုတ်ပြည်အနောက်မြောက်ပိုင်းစုန်ဆင်းလာတဲ့ဆံပင်နီနီမျက်လုံးပြာပြာ အင်ဒိုဥရောပအနွယ်ယွဲ့ကျိ (Yuezhi)လူမျိုးတွေ ထူထောင်ခဲ့တဲ့ကူရှန်မင်းဆက်တွေရှိခဲ့တဲ့နေရာ၊နိုင်ငံရေးပ ထဝီဝင်ပညာရှင်တွေက အာရှရဲ့နှလုံး သား(Heart of Asia)လို့ သတ်မှတ်ထား
တဲ့နေရာ…သို့မဟုတ်…အာဖဂန်နစ္စတန်။
ဤအချက်များကားအာဖဂန်နစ္စတန်၏ သမိုင်းထဲက ခန့်ထည်အားကျစရာဂုဏ် ဒြပ်အချို့ဖြစ်သည်။
အာဖဂန်နစ္စတန်ဟုဆိုလိုက်သည်နှင့်ထိုဂုဏ်ဒြပ်တို့ထက်တာလီဘန်များအာဏာပြန်ရလာမှုကိုသာ ပိုမြင်ကြမည်ဖြစ်သည်။
ဤဆောင်းပါးကလည်း တာလီဘန်များအာဏာပြန်ရသွားသည့်အချက်များကို နှိုင်းယှဉ်သုံးသပ်လိုရင်းသာဖြစ်သည်။
အဘယ်ကြောင့် တာလီဘန်များအာ ဏာပြန်ရသွားရသနည်း။
တော်တော်များများကတော့…
- အမေရိကန်တပ်များရုတ်သိမ်းမှု။
- အာဖဂန်နစ္စတန်အစိုးရအားနည်းမှု။
- ာတာလီဘန်များ၏နည်းဗျူဟာ။
- လူမျိုးစုအခြေပြုစစ်ဘက်ခေါင်း ဆောင်များမညီညွှတ်မှုစသဖြင့်ပြောကြသည်။
ဤအကြောင်းတရားများက မြင်သာသောအစိတ်အပိုင်း(Immediate Cases)များဖြစ်သော်လည်း ပုန်းကွယ်နေသောအခြား ပြဿနာဇစ်မြစ် (Underlying Cases)များလည်း ရှိနေသေးသည်။
လေမုန်တိုင်းတိုက်ခတ်၍ ပြိုလဲသွားသောအိမ်မက်သို့ဖြစ်သည်။လေမုန် တိုင်းက မြင်သာသောအစိတ်အပိုင်းဖြစ်သည်။
အိမ်၏ကြံခိုင်မှုကိုအားနည်းစေသော အကြောင်းတရားများက ပုန်းကွယ်နေသောအစိတ်အပိုင်းများဖြစ်သည်။အိမ်ပြိုခြင်းမှာ လေမုန်တိုင်းကြောင့်ဆိုခြင်းထက် လေမုန်တိုင်းဒဏ်ကို ကြံကြံခံနိုင်သောခိုင်မာမှုအားနည်းခြင်းက အဓိကပိုကျလာသည်။
အာဖဂန်တွင် အမေရိကန်တပ်များရုတ်သိမ်းသွားသည်နှင့်အဘယ်ကြောင့်အ စိုးရအဖွဲ့ချက်ချင်းပြိုလဲသွားသည်ကို အဖြေရှာလိုပါက ပုန်းကွယ်နေသော ပြဿနာဇစ်မြစ်များကို ထိတွေ့ရမည်ဖြစ်သည်။
ဤသို့ဆိုပါလျှင် ပြဿနာဇစ်မြစ်ကတခုသာရှိသည်။
ထိုအချက်က”အာဖဂန်နစ္စတန်ပြည်သူ များ၊လူမျိုးစုများကြားတွင် တရားမျှ တမှု၊တန်းတူညီမျှမှုဖြင့် တည်ဆောက်ရသောညီညွှတ်မှုကိုမရရှိခဲ့ခြင်း”ကြောင့်ဖြစ်သည်။
အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံတခုသည်နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်တို င် အာဖဂန်နစ္စတန်ဗဟိုအစိုးရကို ကျော ထောက်နောက်ခံပြုနေခဲ့သည်။
ထိုကျောထောက်နောက်ခံပြုမှုထဲတွင် ငွေအင်အား၊နည်းပညာ၊အတွေ့အကြုံ ဆိုသည့် အရင်းအနှီးများပါဝင်ခဲ့သည်။
ဤမျှထိအရင်းအမြစ်အားကောင်းမှုကို ရရှိထားသော အာဖဂန်နစ္စတန်အစိုးရသည် နှစ်နှစ်ဆယ်ကျော်တိုင်သည်ထိ ထူထူထောင်ထောင်မဖြစ်ခဲ့ခြင်းမှာ”ညီညွှတ်မှု”မရှိခဲ့၍ဖြစ်သည်။
အာဖဂန်ပြည်သူများသည် အရိုင်းအစို င်းများမဟုတ်ကြပေ။အထက်တွင်ဖော်
ပြခဲ့သည့်အတိုင်း သမိုင်းယဥ်ကျေးမှုနှင့်ဇာတိမာန်ကြီးမားသောလူမျိုးများသာဖြစ်သည်။
ထိုသို့အခြေခံကောင်းများရှိထားသည့် လူ့အဖွဲ့အစည်းတခုသည် အမေရိကန်တပ်ဆုတ်ခွာသည်နှင့်တာလီဘန်လက် အောက်ကို ချက်ချင်းကျသွားသည့်ကိ စ္စကစိတ်ဝင်စားစရာဖြစ်သည်။
အောက်တွင်ဖော်ပြထားသော အချက်မျာသည် အမေရိကန်ထိန်းချုပ်ကာလ (၂၀၀၁-၂၁)ခုနှစ်အတွင်း အာဖဂန်နစ္စတန်၏ State Building မအောင်မြင်ရမှုအားနားလည်ရန် အတိုင်းအတာတခုထိအထောက်အကူပြုပါလိမ့်မည်။
၁။အစေးမကပ်သည့်သမိုင်းကြောင်းနောက်ခံ။
လက်ရှိအာဖဂန်နစ္စတန်တွင်ဖြစ်ပျက်နေသောနိုင်ငံရေးဖြစ်စဉ်အားသိရှိရန်အ တွက် အာဖဂန်နစ္စတန်၏ရှေးယခင်သမို င်းအားလုံးကို သိရန်မလိုပေ။
လက်ရှိအာဖဂန်နစ္စတန်အဝိုင်းအဝန်းရု ပ်လုံးပေါ်မှုအတွက် အစ္စလမ်သာသနာလွှမ်းခြုံမှုနောက်ပိုင်း သမိုင်းအရ ၁၈ ရာစုမှ ၂၀ရာစုထိ ဖြစ်ပျက်ခဲ့ကြသောအခြေအနေကို သိရန်တော့လိုပေသည်။
အာဖဂန်နစ္စတန်တွင်ပါရှ်တွန် (Pashtun)(ပထန်ဟုလည်းခေါ်)လူမျိုးများက လူများစုဖြစ်သည်။
တာဂျစ်(Tajik)လူမျိုးများက အာဖဂန်နစ္စတန်၏ဒုတိယအများဆုံးမျိုးနွယ်စုဖြ စ်ပြီး မြောက်ပိုင်းဒေသတွင် အများဆုံးနေထိုင်ကြသည်။
တာဂျစ်(Tajik)များအနေဖြင့်ရာစုနှစ်များစွာကတည်းကစိုက်ပျိုးရေးနှင့်ကုန် သွယ်ရေးအား လုပ်ကိုင်ခဲ့ကြသည်။
ဟာဇရာ(Hazara)များက လူနည်းစုဖြစ်ပြီးအာဖဂန်နစ္စတန်အလယ်ပိုင်းတွင် နေ ထိုင်ကြသည်။
ဥဇဘတ်(Uzbek)များသည်လည်း အာဖဂန်နစ္စတန်မြောက်ပိုင်းတွင်နေထိုင်ကြသောမျိုးနွယ်စုဖြစ်သည်။
၁၈ ရာစုဒူရ်ရာနိအင်ပါယာခေတ် (Durrani Empire)
ဒူရ်ရာနိအင်ပါယာအား အာမက်ခါးဒူရ်ရာနိ(Ahmad Shah Durrani)က စတင်
ထူထောင်ခဲ့သည်။
အာမက်ခါးဒူရ်ရာနိမတိုင်ခင်အချိန်ထိ အာဖဂန်နစ္စတန်၏န ယ်မြေများသည် ကိုယ်မင်းကိုယ်ချင်း ပုံစံနှင့်ရှိနေကြသည်။
ပါကစ္စတန်၊အီရန်နှင့်အိန္ဒိယ၏အစိတ် အပိုင်းအချို့ထိ ကျယ်ပြန့်သောဧကရာ ဇ်နိုင်ငံ(Empire)ကို အာမက်ခါးဒူရ်ရာနိက စစ်အင်အားဖြင့်ထူထောင်ခဲ့သည်။
ထိုအချိန်မှစတင်ကာတာဂျစ်(Tajik)၊ ဟာဇရာ(Hazara)၊ဥဇဘတ်(Uzbek) ၊ဘာလိုချ်(Baloch)စသည့် မျိုးနွယ်စုများနှင့်၎င်းတို့၏နယ်မြေများသည် ပက်ရှ်တွန်(Pashtun)များ၏ထီးရိပ်အော က်သို့ကျရောက်လာခဲ့သည်။
ဒူရ်ရာနိအင်ပါယာခေတ်ကာလ ထွန်း ပြောင်မှုက ပက်ရှ်တွန်(Pashtun)များ ၏အာဏာအူတိုင်ချုပ်ကိုင်မှုအသိအ မြင်(တနည်း)လူမျိုးကြီး၊အုပ်စုကွီးဝါဒ အတှကျ သမိုငျးမာနကိုလညျး ရှေ့ဆကျရနျဖွစျလာစခေဲ့သည်။
၁၉ ရာစုအခြေအနေ ဘာရက်ဇိုင်းမင်း ဆက်(Barakzai Dynasty)(၁၈၂၆- ၁၉၇၃)ကာလ
ဒူရ်ရာနိအင်ပါယာပြိုကွဲပြီးနောက်တွင် ဘာရက်ဇိုင်းမင်းဆက်အား ပါရှ်တွန် (Pashtun)အုပ်စုထဲမှ ဒုတ်စ်မိုဟာမက်
ခန်း(Dost Mohammad Khan)ကစတ င်တည်ဆောက်ခဲ့သည်။
ဘာရက်ဇိုင်းမင်းဆက်ထဲတွင် အမာအဗ္ဗဒူရာမန်ခန်း( Amir Abdur Rahman Khan)လက်ထက်သို့ ရောက်သောအခါ လက်ရှိခေတ်သစ်အာဖဂန်နစ္စတန်၏ နယ်နိမိတ်မှာပီပီပြင်ပြင်ရုပ်လုံးပေါ်လာခဲ့သည်။
၎င်းလက်ထက်တွင် ဟာဇရာ(Hazara) များနေထိုင်ရာဟဇာရာဂျတ် (Hazarajat)ဒေသအား စစ်ခင်းကာ သိ မ်းပိုက်ခဲ့သည်။
အာဖဂန်နစ္စတန်၏လူမျိုးစုများကြား ပဋိပက္ခအရင်းအမြစ်သည် အမာအဗ္ဗဒူ ရာမန်ခန်း၏ လက်ထက်မှစတင်၍ တ ဆစ်ချိုးလာခဲ့သည်ဟုလည်း ဆိုနိုင်ပေ
သည်။
ဒူရျရာနိအငျပါယာခတျေနှငျ့အမာအဗ်ဗဒူရာမန်ခန်းကာလမတိုင်မှီ လူမျိုးစုများ ၏နိုင်ငံရေးအဆင့်အတန်း
ဒူရ်ရာနိအင်ပါယာလက်ထက်နှင့်အမာအဗ္ဗဒူရာမန်ခန်းမတိုင်မီကာလများထိ အာဖဂန်၏လူမျိုးစုများတွင် ကိုယ်ပိုင်အချုပ်အခြာအာဏာရှိကြသည်ဟု ဆိုရမည်ဖြစ်သည်။
နှစ်စဉ်အခွန်ဆက်သမှုနှင့်လိုအပ်ပါက စစ်သည်အင်အားဆက်သမှုမှလွဲ၍ လူ မျိုးစုများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်ကိုယ်ပိုင်စစ်တပ်ရှိကြသည်။
လူမျိုးစုများစုတွင်ကိုယ်ပိုင်ခေါင်း ဆောင်နှင့်ခေါင်းဆောင်က ခန့်အပ်သောနယ်စားပယ်စား များရှိကြသည်။
ပဒေသရာဇ်အစဉ်အလာ၏ထုံးစံအရ လူမျိုးစုများနှင့်ဗဟိုအာဏာကြားတွင် အားပြိုင်မှုများမှာလည်း အခါအခွင့်သင့်လျှင် ပေါ်လာတတ်သည်။
လူမျိုးစုတခုနှင့်တခုကြားတွင်လည်း အပြန်အလှန်အားပြိုင် စစ်ပြုမှုကလ ည်း အခါအခွင့်သင့်လျှင် ရှိနေတတ်ပြန် သည်။
မည်သို့ပင်ဆိုစေ အာဖဂန်နိုင်ငံရေးစိတ်ဆန္ဒ၏ရေခံမြေခံတွင် လူမျိုးစုများက ၎င်းတို့သည်ကိုယ်ပိုင်အချုပ်အခြာအာ ဏာနှင့်နေထိုင်သူများဖြစ်သည်ဟူ သောခံစားချက်က အမြဲတန်းရှိသည်။
ပါရှ်တွန်(Pashtun)များ၏ အမြင်တွင်လည်း ၎င်းတို့သည် လူမျိုးကြီးများဖြစ် သည်။အာဖဂန်အား ဦးဆောင်မှုကိုယူရမည်ဟူသောခံစားချက်က အမြဲတန်းရှိသည်။
ပါရှ်တွန်(Pashtun)များ၏နိုင်ငံရေးအမြင်
သာမန်ပြည်သူပါရှ်တွန်(Pashtun)များ ၏အမြင်တွင်တော့ လူမျိုးစုများနှင့် ငြိမ်းချမ်းစွာ ညီညွှတ်စွာနေလိုကြမည်ဖြစ်သည်။
ပါရှ်တွန်(Pashtun)အာဏာ အီလိုက်အလွှာတွင်လည်း”အာဏာခွဲဝေမှုလိုမှုကညီညွှတ်ငြိမ်းချမ်းမှုကို အာမခံချက်ရှိစေလိုပြီး အရေးကြုံလျှင်ဗဟို၏ဦးဆောင်မှုကို ခိုင်မာစေချင်မည်ဖြစ်သ ည်။
“လူမျိုးစုများဘက်က ကြည့်လျှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်အချိန်တွင်မဆို တန်းတူမှု၊ညီမျှမှုဖြင့် အာမခံချက်ရှိစေလိုပြီး အားကောင်းသော အာဖဂန်နစ္စတန်ကို မြင်ချင်မည်ဖြစ်သည်။”
ခက်သည်က ထိုအမြင်နှစ်ခုကြားတွင် သဟဇာတကျသောပဋိညာဉ်ကို အာဖဂန်၏အာဏာအလွှာနှင့်လူမှုအလွှာအ သီးသီးသည် လက်ရှိအချိန်ထိမချမှတ်နိုင်ခြင်းက ပြဿနာဖြစ်သည်။
ဂရိတ်ဂိမ်းကွင်းပြင် (Great Game)
အာဖဂန်သည် အီရန်ကဲ့သို့ပင် ဆိုဗီယ က်ရုရှားနှင့်ဗြိတိသျှတို့၏အားပြိုင်ရာ ကြားခံနယ်ကွင်းပြင်ဖြစ်ခဲ့သည်။
ဥဇ္ဇဘက်၊တာဂျစ်၊တာခံမင်းစသည်နိုင် ငံများသည် ဆိုဗီယက်အောက်တွင် ရောက်နေသည်။
ဗြိတိသျှတို့က အိန္ဒိယတိုက်ငယ်ကိုယူ ထားသည်။
ဒူရင်မျဉ်း(Durand Line)ဖြင့် ပါကစ္စတန်နှင့်အာဖဂန်နယ်နိမိတ်ကို သတ်မှတ်သောအခါ ပါရှ်တွန်မျိုးနွယ်စုများကို နှစ်ခြမ်းကွဲသလိုဖြစ်သွားတော့သည်။
အာဖဂန်၏ရှေ့ဘက်တွင် ပါကစ္စတန်ရှိသည်။အနောက်ဘက်တွင် အီရန်ရှိသည်။မြောက်ဘက်တွင်ဥဇ္ဇဘက်၊တာဂျ စ်၊တာခံမင်းတို့ရှိသည်။
ဆိုဗီယက်နှင့်ဗြိတိသျှတို့က အာဖဂန်တွင် ၎င်းတို့လွမ်းမိုး၍ရသော အစိုးရမျိုးကို ထားလိုသည်။
ဤအချက်က အာဖဂန်၏အာဏာကို ကိုင်ထားသောပါရှ်တွန်(Pashtun)အုပ် ချုပ်သူများအတွက် မျက်ခုံးလုပ်စရာဖြစ်လာသည်။
အာဖဂန်ရှိလူမျိုးစုနယ်မြေများကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်တသီးတခြားရှိနေကြသည်။ဆိုဗီယက်နှင့်ဗြိတိသျှသည် အင် အားကြီးသူများဖြစ်ကြသည်။
အဆိုပါအင်အားကြီးပါဝါတခုခုက လူ မျိုးစုတို့အား ကျောထောက်နောက်ခံပြု စည်းရုံးဩဇာခံစေကာအာဖဂန်၏ဗဟိုအာဏာကို ကိုင်လုပ်လာနိုင်သည်။
ထိုအခါ လူမျိုးစုများလက်ထဲတွင် ရှိနေသော ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဗဟိုအာဏာမှပါရှ်တွန်(Pashtun)များက စိတ်မချတော့ပေ။
ဤသို့ဖြင့် လူမျိုးစုများ၏နယ်မြေကို စစ်ရေးဖြင့် ထိန်းချုပ်လာတော့သည်။
၁၉ရာစုနှောင်းပိုင်းတွင် လူမျိုးစုများ၏ နိုင်ငံရေးအဆင့်အတန်းသည် နည်းပါးလာကာ ဗဟို၏လက်ဝေခံဘဝသို့ ရောက်သွားတော့သည်။
ထိုအခါ လူမြိုးစုမြားအဖို့ ခံပွငျးမှုကို ဖွစျလာစခေဲ့သည်။
ဤအချက်က ဥရောပစူပါပါဝါများ အားပြိုင်မှုက အာဖဂန်နိုင်ငံရေးကို ရိုက်ခတ်မှုကို ဖော်ပြနေသည်။
ဆက်လက်ဖော်ပြပါမည်။






