Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး သတင်း

ကံကြီးရွာမှာ အာဏာသိမ်းစစ်တပ် ခံစစ်အခိုင်အမာပြင် အထိုင်ချနေ

(ဓာတ်ပုံ-ကံကြီးကျေးရွာကိုသွားရောက်နိုင်တဲ့ဆောမြို့/BNA)

(ဓာတ်ပုံ-ကံကြီးကျေးရွာကိုသွားရောက်နိုင်တဲ့ဆောမြို့/BNA)

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်ထု၊ မေ ၄။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ကျောက်ထုမြို့မှာ အာဏာသိမ်းစစ်တပ်ခံစစ်အခိုင်အမာပြင်ပြီး အထိုင်ချနေပြီလို့ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီအာဏာသိမ်စစ်သားတွေဟာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့အခြေစိုက်၊ အမှတ် ၇၀၇ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အောက်ရှိ ကျောက်ထုမြို့အခြေစိုက်၊ အမှတ် ၃၆၈ အမြောက်တပ်ရင်းကဖြစ်ပါတယ်။

အဲဒီအာဏာသိမ်းစစ်သားအင်အားနှစ်ရာကျော်ခန့်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရ က်နေ့စတင်ပြီး ကံကြီးကျေးရွာကိုလာရောက်စခန်းချကင်းလှည့်နေကြတာဖြစ်ပါတယ်။

အဲဒီနောက်ကျေးရွာအနီးပတ်ဝန်းကျင်အပါအဝင် ကျေးရွာထဲမှာခံစစ်အခိုင်အမာတည်ဆောက်ပြီး အထိုင်ချနေကြတာမို့ ကျေးရွာသားတွေပိတ်မိနေကြသလို ခရီးသွားပြည်သူတွေအတွက်လည်းအခက်အခဲတွေဖြစ်သွားစေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“ကံကြီးကျေးရွာစာသင်ကျောင်းမှာက တုတ်ကျင်းတွေတူးပြီးအခိုင်အမာစခန်းချနေကြပါပြီ။ ကျောင်းနောက်ကကုန်းတွေပေါ်မှာလည်း ကာကင်းတွေအခိုင်အမာလုပ်ထားကြပါပြီ။ ဒီရွာကပြန် သွားတော့မယ်မထင်ပါဘူး။ ဒီမှာအခိုင်အမာစခန်းချအင်အားဖြည့်ပြီးတခြားကိုစစ်ကူသွားမယ်ပုံပေါ်နေပါတယ်။ ပိတ်မိနေကြတဲ့ရွာသားတွေလည်းရှိပါတယ်။ ခရီးသွားတွေအတွက်အခက်အခဲပိုဖြစ်သွားပါတယ်။”လို့ ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် ကားလမ်းတလျှောက်ရှိ အများပြည်သူနေအိမ်တွေမှာလည်း နေရာယူကင်းပုန်းဝပ်နေကြသလို ကျေးရွာအနီးအနားနေရာတွေထိ ကင်းလှည့်တာတွေ၊ ကင်းပုန်းဝပ်တာတွေပြုလုပ်နေကြပြီးရှေ့ဆက်တိုးဖို့ အခိုင်အမာစခန်းချအင်အားစုနေကြတာလို့ ဆိုကြပါတယ်။

အဲဒီကံကြီးကျေးရွာဟာ ဆောမြို့နယ်နဲ့မင်းတပ်မြို့နယ်ကြားတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးနဲ့စစ်ရေးအရအရေးပါတာမို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်တာတွေလုပ်ဖို့ ကြိုတင်ပြဆင်နေတာလို့ ဆိုကြပါတယ်။

ဒါပေမယ့် ကံကြီးကျေးရွာနဲ့ဆောမြို့နယ်ကြားအပါအဝင် ကံကြီးကျေးရွာနဲ့မတူပီမြို့နယ်ကြားနေရာအားလုံးကို လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတာမို့ ကံကြီးရွာမှာစခန်းချနေ​ကြတဲ့အာဏာသိမ်းစစ်သားတွေ အချိန်မရွေးတိုက်ခိုက်ခံရနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီဆောမြို့ပေါ်ရဲစခန်းမှာ အာဏာသိမ်းစစ်တက်အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေရှိနေသေးပေမယ့် မြို့ပေါ်နေရာအများစုအပါအဝင် မြို့နယ်တခုလုံးနီးပါးကို လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားပါတယ်။

အဲဒီဆောမြို့နယ်ဟာ ချင်းညီနောင်တွေထိန်းချုပ်ထားတဲ့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေကို အဓိကဝင်ရောက်နိုင်တဲ့နေရာဖြစ်သလို လမ်းပန်းဆက်သွယ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအရလည်းအရေးပါတာမို့ ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ်ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် အရေးပါတဲ့ကျေးရွာကို လက်ဦးမှုယူထိန်းချုပ်လိုက်တာဖြစ်နိုင်တယ်လို့ မြေပြင်စစ်ရေးအ​ခြေအနေသိသူတွေက သုံးသပ်ကြပါတယ်။

“ဆောမြို့နယ်ကို စစ်တပ်ကပြန်ထိန်းချုပ်နိုင်သွားရင် ချင်းနဲ့ရခိုင်ကို ကုန်စည်ထိန်းချုပ်ရေးနဲ့ ဆက်သွယ်ရေးဖြတ်တောက်ပြီးသွားဖြစ်သွားပါမယ်။ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမှာ စားနပ်ရိက္ခာတွေဖြတ်သွားနိုင်ပါတယ်။ အဲဒီမြို့တွေကိုလေကြောင်းတိုက်ထားပြီးလာမယ့်မိုးရာသီမှာ ထိုးစစ်ဆင်ပြန်သိမ်းယူဖို့ကြိုးစားလာနိုင်ပါတယ်။”လို့ ဆောမြို့မှမြေပြင်စစ်ရေးအခြေအနေကိုသိသူတဦးက Border News Agency ကို ​ပြောပါတယ်။

အဲဒီဆောမြို့နယ်အပြင် ကျင်ဒွေးမြို့ နယ်ကိုလည်း အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေ၊ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်တာတွေပြုလုပ်နေသလို ကျောက်ထုမြို့အခြေစိုက်အမှတ် ၃၆၈ အမြောက်တပ်ရင်းမှာလည်း စားနပ်ရိက္ခာလက်နက်ခဲယမ်းဖြည့်တင်းနေပါတယ်။

အဲဒီအပြင်ပေါက်မြို့နယ်နဲ့ဆောမြို့နယ်ကိုလည်း အာဏာသိမ်းစစ်သားအင်အားရာပေါင်များစွာဖြည့်တင်းနေတာမို့ ပေါက်၊ ဆော၊ ကျောက်ထု၊ မင်းတပ်စတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်စိုးမိုးဖို့အတွက် စစ်ရေးလှုပ်ရှားနေတာလို့ ဆိုကြပါတယ်။

ဒါပေမယ့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီစတဲ့မြို့နယ်တွေကိုထိန်းချုပ်ထားတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကတော့ အင်အားအကောင်းဆုံးဖြည့်တင်းထားသလို အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်လာရင်လည်း အပြင်းထန်ဆုံးခုခံဖို့ အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတွေက ဆိုကြပါတယ်။

အဲဒီဆောမြို့နယ်အခြေစိုက်လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအပါ အဝင်ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကိုလည်း အာရက္ခတပ်တော်(A A)က စစ်ရေးအကူအညီတွေအပါအဝင် မဟာမိတ်ဆက်ဆံရေးဆိုင်ရာအကူအညီတွေပေးထားပါတယ်။

PrevPreviousSCO နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံပူးပေါင်းမယ်လို့ မြန်မာသံအမတ်ပြော
Nextဌာနေတိုင်းရင်းသားလူနည်းစု အသက်မပြည့်သူတွေကို AA စစ်မှုထမ်းခေါ်နေNext
Previous Post

SCO နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံပူးပေါင်းမယ်လို့ မြန်မာသံအမတ်ပြော

Next Post

ဌာနေတိုင်းရင်းသားလူနည်းစု အသက်မပြည့်သူတွေကို AA စစ်မှုထမ်းခေါ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

May 11, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

May 11, 2026
​ဓာတ်ပုံ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

May 11, 2026

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုကို တရုတ်ကန့်ကွက်

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်တွေကို NUG ကန့်ကွက်

Releated Post

ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

May 11, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

May 11, 2026
​ဓာတ်ပုံ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုကို တရုတ်ကန့်ကွက်

May 11, 2026

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုင်ရာ ပြောဆိုချက်တွေကို NUG ကန့်ကွက်

May 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page