Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ တဆယ့်နှစ်ဦးသေဆုံး

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်တော်၊ဇွန် ၁၇။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို ဇွန်လ ၁၇ ရက်၊ ဒီနေ့သုံးနာရီကျော်အချိန်က အာဏာ သိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့တဆယ့်နှစ်ဦးသေဆုံးသွားပါတယ်။

အဲဒီတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားတဆယ့်နှစ်ဦးသေဆုံးပြီးနှစ်ဆယ်နီးပါးဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီကျောက်တော်မြို့ လမ်းမတော်၊ ပိုက်သည်၊ရွာမရပ်ကွက်တွေနဲ့ဂစ္ဆပနဒီတံတားအောက်ခြေတလျှောက်ကို ဗုံးအလုံးရေတဆယ်ကျော် ကြဲချတိုက် ခိုက်ခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေကဆိုကြပါတယ်။

​”ငါတို့ကကျောက်တော်မှာ တိုက်ပွဲတုန်းကလည်း နေတယ်။တိုက်ပွဲပြီးရင်လည်း ဆက်တိုက်နေတာပဲ။ဒီတခါဖြစ်တာလောက် ဆိုးတာမရှိဘူး။မင်္ဂလာတောင် လေယာဉ်ကွင်းက လေယာဉ်တက်တာမျိုးလိုပဲ တက်လိုက် ဆင်းလိုက် ပစ်လိုက်။တစီးထွက်သွားရင် နောက်တစီးလာလိုက် ပစ်လိုက်။လေယာဉ်ပေါ်ကနေ တောင်ကိုစက်သေနတ်နဲ့ပစ်တယ်။မြို့ပေါ်ကနေ အနိမ့်လေးက ပျံပြီးပစ်တာ။”လို့ ကျောက်တော်မြို့ခံတဦးက Border News Agency ကိုပြောပါတယ်။

​အဲဒီတိုက်ခိုက်မှုအတွင်း ဆီရောင်းတဲ့နေရာတွေ၊ ဆန်စက်တွေနဲ့ လူနေအိမ်တွေပေါ် ဗုံးကျရောက်ခဲ့တာကြောင့် လမ်းမတော်ရပ်ကွက်မှာအထိအခိုက် အများဆုံးလို့ ကျောက်တော်မြို့ခံတွေကဆိုကြပါတယ်။

​”လမ်းမတော်မှာတော့ အသေများတယ်။ဆီရောင်းတဲ့ဆီကွင်းမှာ တိုက်ရိုက်မကျလို့ ကျရင်တော့ဘာမှရတော့မှာ မဟုတ်ဘူး။ ဆီကွင်းမှာ အများမရှိရင်တောင် ပေပါ နှစ်ထောင်၊ သုံးထောင်ရှိမယ်။အဲဒီဆီကွင်းနဲ့ ဝါးအပြန် ဆယ့်ငါးပြန်လောက်မှာကျတယ်။သစ်ပင်တွေ ပါသွားတယ်။ကမ်းနားမှာ ဆီကွင်းနဲ့ နည်းနည်းအဝေးမှာ နောက်ထပ် ရော့ကတ်သီး နှစ်လုံးကျတယ်လို့ ပြောတယ်။ရွာအလယ်မှာ ကျတာကတော့ အိမ်တအိမ်မှာ တိုက်ရိုက်ကျတာကြောင့်မိသားစုလိုက်သေတယ်။သတင်းက အတိအကျမရပေမယ့် အသေအပျောက်တော့တဆယ် ကျော်မယ်လို့ ထင်ပါတယ်။”လို့ ကျောက်တော်မြို့ခံတဦးက Border News Agency ကိုပြောပါတယ်။

အဲ​ဒီတိုက်ခိုက်မှုကြောင့်အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့နေရာတွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားသလို ဒဏ်ရာရသူတွေလည်း များပြားနေတဲ့အတွက် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

​”ဆီကွင်းဟောင်းဘိလပ်မြေ၊ မြေဆီတွေရောင်းတယ်။အဲနားမှာ ရတနာဆန်စက်နဲ့ကပ်လို့ ဆန်စက်မှာ မကျဘဲနဲ့ ဆန်စက်နားက ဝါးနဲ့ဆောက်ထားတဲ့။အဲနေရာမှာ ဘိလပ်မြေတွေ၊ မီးသွေးတွေ တချို့ကလည်း ဆိုင်ခန်းဖွင့်ပြီးတော့ ရောင်းတယ်။ အဲနားမှာ ကျတယ်။ ကြားလမ်းမှာ ကျတယ်။ မြို့ပေါ်မှာတော့ အဲနှစ်နေရာပါပဲ။ပုံမှန်တက်နေတဲ့အိမ်တွေက အဲ့ဒီအိမ်တွေ။ ကမ်းနားက လာရင် လမ်းမဘက်ကို ထွက်တဲ့နေရာ ကျောင်းဆရာဘော်ဒါဆောင်တခုရှိတဲ့ လက်ကြားမှာ။ ဘယ်နှစ်လဲ မှန်းလို့မကျတော့ဘူး။ဝင်တယ် ပစ်ခဲ့တယ်။ နောက်တစ်စီးပျံတယ်။ခဏနေရင် နောက်တစ်စီးပျံလာပြီးတော့ ပစ်ခဲ့တယ်။ မှန်းလို့မကျတော့ဘူး။နှစ်နာရီငါးဆယ်ရှစ် ကနေ စလို့ပစ်တယ်။သုံးနာရီခွဲကျော် လေးနာရီထိုးခါနီးမှ ပြီးတယ်။”လို့ နောက်ထပ် ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသအတွင်း တိုက်လေယာဉ်တွေနဲ့ ကင်းထောက်ကာလေယာဉ်တွေကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ ရေကြောင်းရန်တွေကို အထူးသတိပြုကြဖို့ အာရက္ခတပ်တော်က အသိပေးထားပါတယ်။

PrevPreviousဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး
Previous Post

ဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - Wetlet Informational Network

ဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

June 17, 2026
ဓာတ်ပုံ - ဝေဟင်အောင်

ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ခုနှစ်ဦးရှိလာ

June 17, 2026

ကျောက်တော်လေကြောင်းတိုက်ခံရမှုငါးဦးသေဆုံး

June 17, 2026

ဦးမင်းဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP တောင်းဆို

June 17, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page