Border News Agency
ကျောက်တော်၊ဇွန် ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့ကို ဇွန်လ ၁၇ ရက်၊ ဒီနေ့သုံးနာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့အရပ်သားခုနှစ်ဦးသေဆုံးသွားပါတယ်။
အဲဒီကျောက်တော်မြို့၊ပိုက်သည်ရပ်ကွ က်ရှိယာယီစျေးအနီးကျရောက်ပေါက်ကွဲပြီးအသက်လေးနှစ်အရွယ်ကလေးငယ်လေးဦးအပါအဝင် အရပ်သားခုနှစ်ဦးသေဆုံးသွားပါတယ်။
အဲဒီအပြင် နောက်ထပ်ဆယ်ဦးထက်မနည်ထိခိုက်ဒဏ်ရာရသွားသလို ဆန်စက်ရုံ၊လူနေအိမ်တွေ၊ဆိုင်ခန်းတွေလည်းပျက်စီးသွားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်လေယာဥ်အုပ်လိုက်လာပြီးအစုလိုက်လေကြော င်းတိုက်ခိုက်တာတွေကို အရပ်သားနေ ရာတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူတွေထဲမှာပြင်းထန်သူတွေလည်းပါဝင်ပြီးအရေးပေါ်ကုသမှုခံယူနေကြရပါတယ်။
















