Border News Agency
အီရန်၊ဇွန် ၁၇။
အမေရိကန်နဲ့အီရန်ကြား ရထားတဲ့ သဘောတူညီချက်ထဲမှာ အီရန်ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတခု ပါဝင်တယ်လို့ သတင်းထွက်လာပါတယ်။
အဲဒီရန်ပုံငွေဟာအစိုးရငွေကြေး မဟုတ်ဘဲ အမေရိကန်၊ပင်လယ်ကွေ့နိုင်ငံတွေနဲ့ အာရှနိုင်ငံတွေက ပုဂ္ဂလိကကုမ္ပဏီတွေကနေ လာတဲ့ငွေကြေးတွေဖြစ်ပြီး လက်ရှိမှာတင် ငွေပမာဏရဲ့ ထက်ဝက်ကျော်ကို ကတိကဝတ် ရထားပြီးသား ဖြစ်ပါတယ်။
ဒီငွေတွေကိုစစ်ပွဲကြောင့် ပျက်စီးခဲ့တဲ့ စက်ရုံတွေ၊လေဆိပ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဓိက သုံးသွားမှာဖြစ်ပြီး စီးပွားရေးကဏ္ဍတွေကိုလည်း ပြန်လည်မြှင့်တင်ပေးမှာပါ။
အမေရိကန် ဒုသမ္မတ JD Vance ကတော့ အီရန်အနေနဲ့ နျူကလီးယား အစီအစဉ်တွေကို လုံးဝ စွန့်လွှတ်ပြီး သဘောတူညီချက်တွေကို တကယ်လိုက်နာမှသာ ဒီငွေတွေကို သုံးခွင့်ပေးမယ်လို့ အတိအလင်း ပြောထားပါတယ်။
အဲဒီရန်ပုံငွေကိစ္စက ပိတ်ဆို့ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လွှတ်ပေးရေးနဲ့ သီးခြားစီဖြစ်ပြီး အပြီးသတ် စာချုပ်ချုပ်ဆိုပြီးမှသာ စတင်လည်ပတ်မှာဖြစ်ကာ လာမယ့် ၆၀ ရက်အတွင်းမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ လုပ်ဆောင်သွားမှာပါ။










