Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် လူမျိုးရေးရာ သတင်း အာရက္ခဒေသ

ဌာနေတိုင်းရင်းသားလူနည်းစု အသက်မပြည့်သူတွေကို AA စစ်မှုထမ်းခေါ်နေ

Photo-BNA

Photo-BNA

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
42
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ မေ ၄။

အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေရှိ ဌာနေတိုင်းရင်းသားလူနည်းစု ချက္ကမ၊ မြို၊ ဒိုင်းနက်၊ ခမီ၊ ချင်းစတဲ့လူမျိုးတွေရဲ့ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် အသက် ၁၈ နှစ်မပြည့်သေးသူတွေကို အာရက္ခတပ်တော်ကဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူနေတယ်လို့ မိသားစုဝင်တွေ၊ ဌာနေတိုင်းရင်းသားတွေ၊ လူနည်းစုတွေကအတည်ပြုပြောကြပါတယ်။

အဲဒီအထဲမှာ ၁၀ တန်း၊ ၁၁ တန်းကျောင်းသူ၊ ကျောင်းသား အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်တွေလည်းပါဝင်နေကြတာမို့ ပြန်လွတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

အဲဒီလိုကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် အသက် ၁၈ နှစ်မပြည့်သေးသူတွေကို အာရက္ခတပ်တော်ကဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတာတွေကို ပြန်လွတ်ပေးဖို့မိသားစုဝင်တွေက အသနားခံတင်ပြထားကြပေမယ့် ပြန်လွတ်မပေးသလို စိုးရမ်းကြောက်လန့်နေကြရတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

“ကျနော်သမီးက ၁၁ တန်းတက်နေတာပါ။ သူကအသက် ၁၆ နှစ်သာရှိပါသေးတယ်။ သူ့ကိုစစ်မှုထမ်းရမယ်ဆိုပြီးဖမ်းထားပါတယ်။ သူ့ကိုပြန်လွတ်ပေးဖို့ အသနားခံတင်ပြထားပါတယ်။ ဒါပေမယ့်မလွတ်ပေးသေးပါဘူး။ ကျနော်တို့လည်း မြေပြင်မှာအကုန်လုံးကိုကြောက်နေရပါတယ်။ ဒီလိုဖမ်းခေါ်ခံနေရသူတွေရှိနေပါတယ်။ ကြောက်လို့ဘယ်သူ့ကိုမှမပြောရဲကြပါဘူး။ ဘယ်သူ့ကိုအားကိုရမလဲမသိတော့ပါဘူး။”လို့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ ချက္ကမတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီလိုအတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခေါ်ဆောင်ခံထားကြရတဲ့ ဌာနေတိုင်းရင်သားလူနည်းစုတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် စိုးရိမ်ကြောက်လန့်နေကြရတာမို့ ဖွင့်မပြောရဲကြဘူးလို့ မိသားစုဝင်တွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)ကို အကောင်အထည်ဖော်နေပါတယ်။

အဲဒီပြဋ္ဌာန်းချက်အရ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားတွေ၊ အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးတွေကို မဲစနစ်နဲ့စစ်မှုထမ်းခေါ်ယူနေတာပါ။

အဲဒါကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နိုင်ငံရေးမှူးတွေ၊ နယ်မြေမှူးတွေ၊ တိုက်နယ်မှူးတွေ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး စစ်မှုထမ်းရမယ့်သူတွေကို မဲနှိုက်ခေါ်ယူနေပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မေလ ၂၂ ရက်နေ့က အာရက္ခတပ်တော် ထုတ်ပြန်ထားပါတယ်။

အဲဒီလိုအသက်အရွယ်အတိအကျပြဋ္ဌာန်းထားပေမယ့် တကယ့်မြေပြင်မှာတော့ ကျောင်းသူ၊ ကျောင်းသားတွေ၊ အသက်၁၈ နှစ်မပြည့်သေးတဲ့ ဌာနေတိုင်းရင်းသားလူနည်းစုတွေကိုလည်း စစ်မှုထမ်းခေါ်နေတာဟာ လူမျိုးပျောက်ကွယ်သွားအောင်လုပ်နေသလိုဖြစ်နေပြီး ဌာနေတိုင်းရင်းသားလူနည်းစုတွေဟာ အာရက္ခတပ်တော်ကို ယုံကြည်လက်ခံမှုကျဆင်းလာစေတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။

“အေအေထိန်းချုပ်နယ်မြေတွေမှာဌာ နေတိုင်းရင်းသားတွေက တကယ့်လူနည်းစုတွေပါ။ လူဦးရေနည်းနည်းလေးပဲကျန်ပါပြီ။ အဲဒီအထဲကကျောင်းသူ၊ ကျောင်းသားတွေ၊ လူငယ်တွေကိုအတင်းစစ်မှုထမ်းခေါ်နေတာပါ။ အများစုကကြောက်လို့မတားရဲ၊ မပြောရဲကြပါဘူး။ ဒါကဌာနေတိုင်းရင်းသားတွေရှင်သန်ရပ်တည်ရေးကို အကြီးမားဆုံးခြိမ်းခြောက်မှုပါပဲ။ လူနည်းစုတွေရဲ့အကာအကွယ်မဲ့နေမှုတွေပါပဲ။ ဟန်ပြပွဲတွေလုပ်ပြနေတာထက် တကယ့်ရှင်သန်းရေးအတွက်ပဲ အကာအကွယ်ပေးစေချင်ပါတယ် ။”လို့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ ချင်းလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ဟာ အာရက္ခပြည်အချုပ်အ​ခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းကာကွယ်ဖို့၊ ပြည်တွင်းပြည်ပအန္တရာယ်အရပ်ရပ်ကို ကာကွယ်တားဆီးရေးအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အာရက္ခဒေသနေ လူမျိုးဘာသာတိုင်းစည်းလုံးချစ်ခင်စွာပါဝင်တဲ့ အမျိုးသားကာကွယ်ရေးစနစ်ကို ထူထောင်ဖို့အတွက် အာရက္ခနိုင်ငံသားတိုင်းတူညီတဲ့ တာဝန်၊ အခွင့်အရေးတွေခံစားရရှိစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုစစ်မှုထမ်းပြီးနောက် ဆက်လက်တာဝန်ထမ်းဆောင်ချင်ရင်လည်းရသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ဌာနတွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်လို့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းခေါ်ခံရသူတွေဟာ ၄၅ ရက်သင်တန်းတက်ရောက်ပြီး နှစ်နှစ်စစ်မှုထမ်းကြရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုစစ်မှုထမ်းခေါ်ယူနေတာတွေမှာ ကျောင်းသူ၊ ကျောင်းသားတွေ၊ အသက်၁၈နှစ်မပြည့်သေးသူတွေ၊ ကလေးမိခင်တွေ၊အိမ်ထောင်သည်အမျိုးသမီးတွေလည်းပါဝင်နေကြတာမို့ ပြန်လွတ်ပေးကြဖို့ မိသားစုဝင်တွေက အသနားခံတောင်းဆိုကြပေမယ့် အများစုကိုပြန်လွတ်မပေးကြဘူး မိသားစုဝင်တွေကဆိုကြပါတယ်။

အဲဒီအထဲမှာဌာနေတိုင်းရင်းသားလူနည်းစုတွေဟာ အဆိုးဝါးဆုံးအခြေအနေတွေကို ခံစားကြုံတွေနေကြရပြီး ကျန်နေတဲ့မိသားစုဝင်တွေ နေထိုင်ရှင်သန်ရေးအတွက် ကြောက်လန့်စိုးရိမ်နေကြရသလို ဘေးကင်းလုံခြုံမယ့်နေရာတွေကို ထွက်ခွာသွားလာခွင့်လည်းမရှိ၊ မရကြဘူးလို့ ဌာနေတိုင်းရင်းသားလူနည်းစုတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဌာနေတိုင်းရင်းသားလူနည်းစုတွေရဲ့ အမျိုးသားနေ့ပွဲတွေကို ဟန်ပြလုပ်ခွင့်ပေးထားပြီး ဓာတ်ပုံရိုက်ဝါဒဖြန့်အသုံးချနေတာထက် ဌာနေတိုင်းရင်းသားလူနည်းစုကျောင်းသူ၊ ကျောင်းသားတွေ၊ အသက် ၁၈နှစ်မပြည့်သေးသူတွေကို ပြန်လွတ်ပေးပြီး အကာအကွယ်ပေးသင့်တယ်လို့ ဌာနေတိုင်းရင်းသားလူနည်းစုတွေက ဆိုကြပါတယ်။

“ဌာနေတိုင်းရင်းသားလူနည်းစုကျောင်းသူ၊ ကျောင်းသားတွေ၊ အသက်မပြည့်သေးသူတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတာကမကောင်းပါဘူး။ မြေပြင်မှာက ဘယ်မှသွားလို့မရတော့ အောက်ခြေကလုပ်သလိုခံနေကြရတာပါ။ အများစုကကြောက်လို့မပြောရဲကြတော့ လူတွေသိပ်မသိကြပါဘူး။ ရခိုင်တွေတောင်ကြောင်နေကြရတာ၊ ထွက်ပြေးနေကြရတာမှာ ကျနော်တို့လူနည်းစုတွေဆိုရင် ပြောစရာမလိုတော့ပါဘူး။”လို့ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ ခမီလူမျိုးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒါကြောင့် ဌာနေတိုင်းရင်းသားလူနည်းစုတွေကို ဥပဒေအရထိထိရောက်ရောက်အကာအကွယ်ပေးရမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စောင့်ကြည့်အကာအကွယ်ပေးသင့်သလို သက်ဆိုင်သူတွေ၊ သက်ဆိုင်ရာအဖွဲ့တွေကိုဖိအားပေးပိတ်ဆို့တာတွေပြုလုပ်သင့်တယ်လို့ ဌာနေတိုင်းရင်းသားလူနည်းစုအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။

အဲဒီအပြင် မြေပြင်မှာတကယ်လုပ်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့က လူငယ်ဝန်ထမ်းတွေလည်း စစ်မှုထမ်းခေါ်ယူခံနေကြရတာတွေရှိနေပြီး စစ်မှုထမ်းဖို့မဲစနစ်နဲ့ခေါ်ယူနေတာတွေမှာလည်း ဘက်လိုက်တာတွေ၊ မမျှတတာတွေရှိနေသလို သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်းမဟုတ်ဘဲ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်စစ်မှုထမ်းခိုင်းနေသလိုဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေဝေဖန်ထောက်ပြနေကြပါတယ်။

အဲဒီအပြင် မဲစနစ်နဲ့ခေါ်ယူကြရာမှာ တအိမ်တည်းကအသက်ပြည့်သူအားလုံးစစ်မှုထမ်းနေကြရသူတွေရှိနေကြသလို မိသားစုအိမ်ထောင်ဦးစီးသွားရောက်စစ်မှုထမ်းနေရတာမို့ မိသားစုစားဝတ်နေရေး၊ လုံခြုံရေးအဆင်မပြေသူတွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့်အာရက္ခစစ်မှုထမ်းခေါ်ယူမှုကို အာရက္ခပြည်သူတွေဆန့်ကျင်ကန့်ကွက်လာကြသလို ထွက်ပြေးတိမ်းရှောင်သူတွေလည်းများလာတာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အတင်းအဓမ္မဖမ်းဆီးခေါ်ယူစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ခွာသွားလာတာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားဆီးကန့်သတ်ထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တာဝန်ရှိသူတွေထောက်ခံချက်တွေနဲ့သွားလာနေကြသူတွေကိုလည်း ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာမို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။

အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် တဆယ့်ငါးမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

PrevPreviousကံကြီးရွာမှာ အာဏာသိမ်းစစ်တပ် ခံစစ်အခိုင်အမာပြင် အထိုင်ချနေ
Next​ဂျိုဟိုးထိန်းသိမ်းရေးစခန်းကမြန်မာ ၁၀၄ ဦးအပါအဝင် ၂၃၂ ဦးကို နေရပ်ပြန်ပို့Next
Previous Post

ကံကြီးရွာမှာ အာဏာသိမ်းစစ်တပ် ခံစစ်အခိုင်အမာပြင် အထိုင်ချနေ

Next Post

​ဂျိုဟိုးထိန်းသိမ်းရေးစခန်းကမြန်မာ ၁၀၄ ဦးအပါအဝင် ၂၃၂ ဦးကို နေရပ်ပြန်ပို့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

May 18, 2026

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

May 18, 2026

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

May 18, 2026

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

May 18, 2026

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

စလင်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးလမ်းနဲ့ချင်းတွင်းမြစ်ကြောင်းကို ယာယီပိတ်

Releated Post

မုတ်သုံလေအားကောင်းလာပြီး တနိုင်ငံလုံး မိုးကြီးရေကြီးနိုင်လို့ သတိပြုဖို့ နှိုးဆော်

May 18, 2026

​ယူအေအီး နျူကလီးယားစက်ရုံ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

May 18, 2026

​ဟောမုဇ်ရေလက်ကြားမှာ အီရန်က အခွန်ကောက်မယ်ဆိုပြီး အစ္စရေးက လက်ဘနွန်ကို ဆက်ဗုံးကြဲနေ

May 18, 2026

​တနင်္သာရီမှာ အာဏာသိမ်းစစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့စစ်သား ၅ ဦးသေဆုံး

May 18, 2026
ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း

စလင်းမှာ ကင်းပုန်းဝပ်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

May 17, 2026
ဓာတ်ပုံ - အာဏာရှင်တော်လှန်းရေး ပြည်သူ့တပ်မတော်

ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး-ကလေးလမ်းနဲ့ချင်းတွင်းမြစ်ကြောင်းကို ယာယီပိတ်

May 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page