Border News Agency
မကွေး၊ ဇွန် ၁၂။
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ ၅၆၂ တပ်ရင်းက တပ်သားအောင်မင်းဦးဟာ ဇွန်လ ၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။
သူဟာ အလင်းဝင်လာတဲ့အချိန်မှာ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်အပြင် ခဲယမ်းမီးကျောက်တွေကိုပါ တပါတည်း ယူဆောင်လာခဲ့တာပါ။
အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်ကို မင်းဘူးခရိုင် အမှတ် ၈ တပ်ရင်းက နွေးထွေးစွာလက်ခံခဲ့ပြီး လက်နက်ယူဆောင်လာတဲ့အတွက်လည်း ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
အခုဆိုရင် အလင်းဝင်လာတဲ့တပ်ဖွဲ့ဝင်ကို လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်ဖို့စီစဉ်ပေးထားသလို သူ့မိသားစုနဲ့လည်း ပြန်လည်ဆုံတွေ့နိုင်အောင် ကူညီပေးသွားမယ်လို့ဆိုပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံဖို့ကျန်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေကိုလည်း လူ့အခွင့်အရေးအပြည့်အဝပေးပြီး နွေးထွေးစွာကြိုဆိုသွားမယ်လို့ PDF တပ်ရင်း ၈ က ဖိတ်ခေါ်ထားပါတယ်။











