Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး အမျိုးသမီးကဏ္ဍ

ကယ်လီဖိုးနီးယားရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အာဖဂန်နွယ်အမျိုးသမီးတဦး

Author picture

By

Swe Zin Htike
Reading Time: 3 mins read
0
A A
0
SHARES
1
VIEWS
Share on FacebookShare on Twitter

Border News Agency
ကယ်လီဖိုနီးယား၊ သြဂုတ် ၂၃။

ပြီးခဲ့တဲ့ဩဂုတ်လ ၂၀ ရက်နေ့က ကယ်လီဖိုနီးယားပြည်နယ်မှာ အမေရိကန်အောက်လွှတ်တော်အမတ်တနေရာစာအတွက်ကျင်းပတဲ့ သီးသန့်ရွေးကောက်ပွဲရလဒ်ကိုကြေညာခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ အာဖဂန်နွယ်ဖွားအမျိုးသမီးတဦးဖြစ်တဲ့ အီရှာ ဝါဟဘ် (Aisha Wahab)ကအနိုင်ရခဲ့ပါတယ်။

အဲဒါဟာအမေရိကန်အောက်လွှတ်တော်သမိုင်းမှာ ပထမဆုံးအာဖဂန်နွယ်ဖွား အမျိုးသမီးအမတ်တဦး ရောက်ရှိလာတာပါပဲ။

သီးသန့်ရွေးကောက်ပွဲ(Special Election)

နဂိုတာဝန်ထမ်းဆောင်နေတဲ့ အမတ်အဲရစ်ဆွာလ်ဝဲလ်(Eric Swalwell)က ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကိုယှဉ်ပြိုင်ဖို့အတွက် အောက်လွှတ်တော်အမတ်နေရာကနှုတ်ထွက်ခဲ့ပါတယ်။

အမေရိကန်ဖက်ဒရယ်အောက်လွတ်တော်ဥပဒေအရ အောက်လွှတ်တော်အမတ်တဦး လစ်လပ်သွားရင် အဲဒီနေရာမှာ သီးသန့်အစားထိုးရွေးကောက်ပွဲတခုကိုကျင်းပရပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် အဲဒီလိုရွေးကောက်ပွဲမျိုးကို ကြားဖြတ်ရွေးကောက်ပွဲလို့ လွယ်လွယ်ခေါ်ကြပါတယ်။

အဲရစ်ဆွာလ်ဝဲလ်က ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာကို ဝင်အရွေးခံဖို့ပြင်နေတုန်းမှာပဲ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေနဲ့စွပ်စွဲချက်တွေထွက်လာပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးအရွေးချယ်ခံဖို့နှုတ်ထွက်သွားခဲ့ရပြီး ဖွတ်လည်းမရ ဓားမလည်းဆုံးဖြစ်သွားပါတယ်။

အဲဒါကလိင်ပိုင်းဆိုင်ရာချိုးဖောက်မှုကို အမေရိကန်လူထုလက်မခံဘူးဆိုတဲ့ ပြယုတ်လည်းဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရွေးကောက်ပွဲစနစ်

အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွှတ်တော်နဲ့ အောက်လွတ်တော်ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်နဲ့မတူပါဘူး။

မြန်မာမှာကရွေးကောက်ပွဲစနစ်ကို ဗဟိုချုပ်ကိုင်မှုတခုတည်းအောက်က ပုံစံတမျိုးတည်း ဥပဒေတမျိုးတည်းကျင့်သုံးပေမယ့် အမေရိကန်မှာတော့ ပြည်နယ်တွေရဲ့လက်ထဲမှာပဲ အာဏာရှိပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ကိုယ့်ပြည်နယ်က ဘယ်သူကို ဘယ်လိုရွေးချယ်မယ်ဆိုတဲ့ဥပဒေပြဋ္ဌာန်းခွင့်က ပြည်နယ်တွေမှာပဲရှိတာပါ။

ထိပ်ဆုံးနှစ်ဦးထပ်ပြိုင်စနစ် (Top – Two Open Primary)

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရွေးကောက်ပွဲဥပဒေက ကျန်ပြည်နယ်တွေနဲ့မတူဘဲထူးခြားပါတယ်။

မြန်မာနိုင်ငံမှာလို လွှတ်တော်နေရာတခုအတွက် တပါတီကကိုယ်စားလှယ်တဦးစနစ်မျိုး မဟုတ်ပါဘူး။

ကယ်လီဖိုးနီးယားပြည်နယ် ရွေးကောက်ပွဲဥပဒေက လွှတ်တော်နေရာတခုအတွက် တပါတီက ကိုယ်စားလှယ်တဦးထက်ပို အမည်စာရင်းတင်သွင်းလို့ရပါတယ်။

မဲလက်ခံမှာ ပါတီတခုထဲက အမတ်လောင်းသုံးလေးဦးရှိနေမှာပါ။

အဲဒီတော့ ကိုယ်စားလှယ်တဦးဟာ ရွေးကောက်ပွဲတခုမှာ ပြိုင်ဘက်နှစ်မျိုးနဲ့ရင်ဆိုင်ရပါတယ်။

တမျိုးက မိခင်ပါတီအတူတူထဲကပြိုင်ဘက်ဖြစ်ပြီး နောက်တမျိုးကတခြားပါတီထဲကပြိုင်ဘက်ပါပဲ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ၊၂၀၂၀ ပြည့်နှစ်တွေတုန်းက ရွေးကောက်ပွဲတွေကိုကြည့်ရင် ပါတီတခုထဲမှာ အမတ်နေရာလုကြရင်း ပြဿနာတွေဖြစ်ကြ၊တသီးပုဂ္ဂလထွက်ပြိုင်ကြလို့ ပါတီကထုတ်ပယ်ကြတာတွေလိုမျိုးပြဿနာတွေကို ကယ်လီဖိုးနီးယားစနစ်က ရှောင်လွဲနိုင်ပါတယ်။

ဒါပေမယ့် ပါတီတခုထဲက ကိုယ်စားလှယ်သုံးလေးဦးဖြစ်နေတဲ့အခါ ပါတီထဲလာမယ့်မဲတွေကွဲကုန်ပြီး ရှုံးမှာကိုစိုးလို့ မြန်မာနိုင်ငံထဲကပါတီတွေကတော့ ဒီစနစ်ကိုကြိုက်မယ်မထင်ပါဘူး။

ပါတီထဲမှာလူကွဲပြီး ပဲချင်ပဲပါစေ၊မဲမကွဲရင်ပြီးပြီ ဆိုတဲ့ အယူအဆအပေါ်မှာ မြန်မာနိုင်ငံထဲကပါတီတွေက ဆက်ရပ်တည်နေကြအုံးမှာပါ။

ကယ်လီဖိုးနီးယားရွေးကောက်ပွဲစနစ်မှာက နှစ်ကြော့ရှိပါတယ်။ ပထမအကြော့မှာ ဝင်ပြိုင်မယ့်အမတ်တွေကို မဲလက်မှတ်စာရွက်တခုထဲမှာတန်းစီဖော်ပြထားပါတယ်။

အဲဒီထဲမှာ တပါတီထဲက ကိုယ်စားလှယ်သုံးလေးဦးရှိချင်လည်း ရှိနေမှာပါ။ ကိုယ်ကကြိုက်တဲ့ကိုယ်စားလှယ်တဦးကို ရွေးပြီးမဲပေးရမှာပါ။

အဲဒီလိုမဲပေးပြီးလို့ မဲရေတွက်တဲ့အခါ မဲပေးသူစုစုပေါင်းရဲ့တဝက်ကျော်မဲကိုရတဲ့သူရှိရင် သူ့ကိုအနိုင်ရသူအဖြစ် အတည်ပြုပါတယ်။

တကယ်လို့ အဲဒီလိုမဲတစ်ဝက်ကျော်ရတဲ့ ကိုယ်စားလှယ်မရှိရင်တော့ မဲအများဆုံးရတဲ့ကိုယ်စားလှယ်နှစ်ဦးကိုထပ်ရွေးပြီး အဲဒီနှစ်ဦးကိုထပ်ပြီးမဲပေးရတဲ့ (Runoff) ရွေးကောက်ပွဲမှာ ထပ်ပြီးမဲပေးရပါတယ်။

ဒီနစ်ဟာကယ်လီဖိုးနီးယား ပြည်သူပြည်သားတွေအနေနဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကလွဲလို့ ဆီးနိတ်၊အောက်လွှတ်တော်ပြည်နယ်ရဲ့ အထက်လွှတ်တော်၊အောက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ရဲ့တခြားအဆင့်ရွေးကောက်ပွဲတွေမှာ ကျင့်သုံးပါတယ်။

ဒီမိုကရက်ပါတီတွင်း တိုက်ပွဲနဲ့ အီရှာဝါဟဘ်

မူလလွှတ်တော်အမတ် အဲရစ် ဆဝဲလ်ဝဲလ် (Eric Swalwell) နှုတ်ထွက်သွားတဲ့အခါ ထုံးစံအတိုင်း ကြားဖြတ်ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ဖြစ်လာပါတယ်။

ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေက “တပါတီကိုယ်စားလှယ်တဦး” ပုံစံနဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ပါတီခေါင်းဆောင်တွေက ဝါရင့်နိုင်ငံရေးသမား ဘော့ဘ် ဝီခ်ကောစကီး (Bob Wieckowski) ကို ရွေးကောက်ပွဲမှာ ပါတီရဲ့တပင်တိုင်အမတ်အဖြစ်ထားဖို့ အဆိုပြုခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင် စစ်တမ်းတွေအရ ဒီတကြိမ်မဲဆန္ဒနယ်ထဲမှာ ဒီမိုကရက်ပါတီကို ထောက်ခံသူတွေများနေလို့ပါ။

​ဒါကြောင့် ပါတီကတဦးတည်းကိုသာရွေးချယ်ရင် ကျိမ်းသေမဲတဝက်ကျော်မှာဖြစ်လို့ တကြိမ်တည်းနဲ့ကိစ္စပြတ်နိုင်မှာပါ။

​ဒါပေမယ့် နိုင်ငံရေးပါတီတွေရဲ့ ထုံးစံအတိုင်း အမြင်မတူမှုဆိုတာရှိနေပါတယ်။

ဝါရင့်နိုင်ငံရေးသမား ဘော့ဘ် ဝီခ်ကောစကီးကလည်း သူ့ကိုပါတီတွင်းပြိုင်ဘက်တွေ အကုန်လုံးက ထောက်ခံမှသာ သူ့အနေနဲ့လက်ခံမယ်လို့ပြောပါတယ်။

အဲ​ဒီလိုအနေအထားမှာ အီရှာ ဝါဟဘ် က သူမ ရွေးကောက်ပွဲဝင်မယ်လို့ ပြောလာတဲ့အခါ ဘော့ဘ် ဝီခ်ကောစကီး က နောက်ဆုတ်သွားပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းမှာမပါတော့ပါဘူး။

​ဒီနေရာမှာ တခုကိုသတိပြုမိပါတယ်။ မူဆလင် အာဖဂန် တာဂျစ် အမျိုးသမီးတဦး၊ ဒုက္ခသည်အဖြစ် ခိုလှုံလာသူဘက်က မွေးဖွားလာသူတဦးက ပါတီရဲ့ထိပ်ပိုင်းလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့အခါ ပါတီတွင်းအကွဲအပြဲမဖြစ်တဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီယဉ်ကျေးမှုကိုမြင်ရမှာပါ။

​တကယ်လို့မြန်မာနိုင်ငံထဲက ပါတီတွေ၊ ရခိုင်က နိုင်ငံရေးအခင်းအကျင်းတွေမှာ ဒီလိုသာအမျိုးသမီးတဦးက ပါတီရဲ့ ထိပ်ပိုင်းဆုံးဖြတ်ချက်ကို မူဘောင်ထဲကပြန်စိန်ခေါ်ရင် တခါတည်း နိုင်ငံရေးသေသွားအောင်ဝိုင်းသမကြမှာ အသေအချာပါပဲ။

​အမှန်က ဒီမိုကရက်တန်ဖိုးဆိုတာ ဆင်းရဲနေလို့၊ မတိုးတက်သေးလို့၊ စစ်ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တွေကိုချည်း လက်ညှိုးထိုးနေလို့မရဘဲ တဦးချင်းစီရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ခံယူချက်အပေါ်မှာလည်း မူတည်နေတာပါ။

​ထိပ်ပိုင်းထဲမှာ ဒီမိုကရက်တန်ဖိုးကို လေးစားမြတ်နိုးတဲ့ တဦးချင်းစီရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ ခံယူချက်မရှိရင်ရော စစ်မဖြစ်တော့ရင်၊ တည်ငြိမ်သွားရင် ဒီမိုကရက်ယဉ်ကျေးမှုက အလိုလိုထွန်းကားလာမှာလားဆိုတာကိုလည်း သတိပြုသင့်ပါတယ်။

​ဝါရင့်နိုင်ငံရေးသမား ဘော့ဘ် ဝီခ်ကောစကီး က အီရှာ ဝါဟဘ်ဘက်ကနေပြီးတောင် မဲဆွယ်ပေးခဲ့ပါသေးတယ်။

​ကိုယ်စားလှယ်လောင်းတွေ

​၂၀၂၆ ခုနှစ် ကယ်လီဖိုးနီးယားရဲ့ ကွန်ဂရက်ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဆယ့်တဦး ဝင်ပြိုင်ကြပါတယ်။

​ဒီမိုကရက်ပါတီက လူထုထောက်ခံမှုမြင့်တက်နေတော့ ကိုယ်စားလှယ်ခြောက်ဦးဝင်ပြိုင်ပြီး ရီပတ်ဘလစ်ကန်ပါတီကလေးဦးဝင်ပြိုင်ပြီး တသီးပုဂ္ဂလကတဦးဝင်ပြိုင်ပါတယ်။

​Runoff အထိ သွားတဲ့အခါ ဒီမိုကရက်ပါတီအချင်းချင်းထိပ်တိုက်တွေ့ပါတော့တယ်။

​အီရှာ ဝါဟဘ် နဲ့ မယ်လီဆာ ဟာနန်ဒက်စ် (Melissa Hernandez) တို့ ထိပ်တိုက်တွေ့ကြတာပါ။ မယ်လီဆာ ဟာနန်ဒက်စ် က အစ္စရေးကိုထောက်ခံသူပါ။

​အီရှာ ဝါဟဘ် က တိုးတက်ရေးဝါဒီ (Progressive Democrat) ဖြစ်ပြီး လူသားချင်းစာနာမှုဘက်က ရပ်တည်သူပါ။

​အဲဒီလိုနဲ့ရွေးကောက်ပွဲမှာ သူမဟာ မယ်လီဆာ ဟာနန်ဒက်စ် ကို မဲခြောက်ရာခိုင်နှုန်းအသာနဲ့ နိုင်သွားပါတယ်။

​အီရှာ ဝါဟဘ် ရဲ့ မူဝါဒ

​သူမကို ဘာဖြစ်လို့မဲပေးခဲ့တာလဲဆိုတာက စိတ်ဝင်စားစရာပါ။

​လက်ရှိကယ်လီဖိုးနီးယား မဲဆန္ဒရှင်လူထုရဲ့ လိုအပ်ချက်နဲ့ သူမရဲ့ကတိကဝတ်ဟာ တထပ်တည်းကျနေလို့ မဲပေးခဲ့တာလို့ဆိုရပါမယ်။

​သူမရဲ့ ရွေးကောက်ပွဲဆိုင်ရာကတိကဝတ်တွေထဲမှာ အိုးအိမ်နဲ့ပတ်သက်လို့ တန်ဖိုးနည်းအိမ်ရာတွေပိုမိုဆောက်လုပ်ဖို့၊ အိမ်ငှားခဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့၊ အိမ်ငှားသူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပေါ်လာဖို့၊ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချဖို့၊ စားသောက်ကုန်၊ လျှပ်စစ်ဓာတ်အား လို အဓိက ဝန်ဆောင်မှုတွေမှာ လက်ဝါးကြီးအုပ် အမြတ်အလွန်အကျွံထုတ်နေတဲ့သူတွေ၊ ကုမ္ပဏီကြီးတွေကို အရေးယူဖို့၊ ဆေးဝါးနဲ့ ကျန်းမာရေးစရိတ်တွေ လျှော့ချရေးနဲ့ လူတိုင်းလက်လှမ်းမီသော Universal Healthcare စနစ် ဖြစ်ပေါ်ဖို့၊ ပြဿနာတွေကို ဖြေရှင်းရာမှာ စစ်ပွဲတွေထက် သံတမန်ရေးရာကိုဦးစားပေးဖို့၊ ဂါဇာစစ်ပွဲမှာ အပစ်အခတ် ရပ်စဲဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုတွေကို အမြန်ပေးနိုင်ဖို့၊ လူထု လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူဖို့၊ ရဲတပ်ဖွဲ့ရဲ့ အာ
ဏာပြမှုတွေကို ကိုင်တွယ်ဖို့၊ ပြုပြင်ပြောင်းလဲဖို့၊ လူနည်းစုတွေနဲ့ သာမန်ပြည်သူတွေရဲ့ လုံခြုံမှုဆိုင်ရာ အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက်လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

အဲ​ဒါကို မဲဆန္ဒရှင်တွေရဲ့ သဘောထား အပြောင်းအလဲအဖြစ်လည်း ရှုမြင်ဖို့လိုပါတယ်။

​အဲဒီကတိကဝတ်တွေအတွက် သူမရဲ့ ရုန်းကန်မှုပုံရိပ်တွေကိုတော့ ကျန်ရှိနေတဲ့လွှတ်
တော်သက်တမ်းအတွင်းမှာ တွေ့လာရတော့မှာပါ။

​ကိုးကား…

https://en.wikipedia.org/wiki/Aisha_Wahab
https://amu.tv/250622
https://www.sos.ca.gov/elections/primary-elections-california?hl=en-GB
https://forward.com/fast-forward/845636/california-democratic-primary-pits-aipac-backed-candidate-against-progressive-israel-critic/?hl=en-GB
https://en.wikipedia.org/wiki/2026_California’s_14th_congressional_district_special_election
PrevPreviousဘန်ကောက်မှာ မြန်မာကလေးခြောက်ဆယ်သုံးဦး စာရင်းသွင်းထားတဲ့ မှတ်ပုံတင်လိမ်လည်မှုဖြစ်
Nextလူမှုကွန်ရက်နဲ့မူးယစ်ဆေးကြောင့် သက်ငယ်မုဒိန်းမှုတွေပိုဖြစ်လာNext
Previous Post

ဘန်ကောက်မှာ မြန်မာကလေးခြောက်ဆယ်သုံးဦး စာရင်းသွင်းထားတဲ့ မှတ်ပုံတင်လိမ်လည်မှုဖြစ်

Next Post

လူမှုကွန်ရက်နဲ့မူးယစ်ဆေးကြောင့် သက်ငယ်မုဒိန်းမှုတွေပိုဖြစ်လာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ဒီလပ်

လိုင်စင်မရှိဘဲတရားမဝင်လူပို့ပေးတဲ့ အမျိုးသမီးနှစ်ဦးကို ဒီလပ်အမှုဖွင့်အရေးယူ

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026

ဒက်စတိုပီယန်းဘဝတွေ – ၅

September 5, 2026

​ဒက်စတိုပီယန်းဘဝတွေ- ၄

September 5, 2026

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

Releated Post

မဏိပူရမှာ လက်နက်တွေနဲ့တော်လှန်ရေးရဲဘော်သုံးဦးဖမ်းဆီးခံရ

September 6, 2026

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးစားသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

September 6, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

အမေရိကန်က အီရန် ရေနံတင်သင်္ဘောသုံးစင်းကို ပြန်လည်တိုက်ခိုက်

September 6, 2026
ဓာတ်ပုံ - အာရက္ခမူခင်းနဲ့သတင်းများထုတ်ပြန်ရေးအဖွဲ့

ကျောက်တော်မှာ သက်ငယ်မုဒိမ်းကျူးလွန်သူ ထောင်ဒဏ်နှစ်သုံးဆယ်ချ

September 6, 2026
(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်)

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲမှာ နှစ်ဘက်ကျဆုံးများပြီး စစ်ရေးတင်းမာနေဆဲ

September 6, 2026
ဓာတ်ပုံ - နီပေါစစ်တပ်

နီပေါမှာ ရေကြီးမှုဖြစ်ပြီးဆယ်ရက်ကြာ တရုတ်နိုင်ငံသားတဦးကို လိုဏ်ခေါင်းအတွင်းမှအသက်ရှင်ကယ်ဆယ်နိုင်

September 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page