Border News Agency
တောင်ကုတ်၊ စက်တင်ဘာ ၂၆။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့ကို စက်တင်ဘာလ ၂၆ရက်၊ဒီနေ့ ညနေမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
တောင်ကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို ဒီနေ့ညနေသုံးနာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်တိုက်လေယာဥ်နဲ့ပေါင်ငါးရာဗုံးတလုံးကြဲချတိုက်လိုက်ခဲ့တာပါ။
အဲဒီပေါင်ငါးရာဗုံးကျရောက်ပေါက်ကွဲလို့ တပ်ဦးဘုန်းကြီးကျောင်းဆောင်ပြိုကျပျက်စီးသွားခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၁၄ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ လာမယ့်ရွေး ကောက်ပွဲပြုလုပ်မယ့်မြို့ထဲမှာတောင်ကုတ်မြို့ကိုလည်း ထည့်သွင်းထားပါတယ်။