Border News Agency
ကျောက်မဲ၊ အောက်တိုဘာ ၁။
တအာင်းပြည်၊ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၃၀ ရက်၊မနေ့က ဒရုန်းတွေနဲ့မီးလောင်ဗုံး ကြဲချတိုက်ခိုက်ခဲ့လို့ မီးသတ်ရုံး၊ သစ်တောရုံး၊ ရဲစခန်းစတဲ့ ဌာနဆိုင်ရာရုံးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရင်ကလည်း ကျောက်မဲမြို့ကို လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးတွေပစ်ခတ်တာ၊ ဒရုန်းနဲ့အဆိပ်ငွေ့ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး မီးလောင်ဗုံးတွေပါ အသုံးပြုလာတာလို့ ဆိုကြပါတယ်။
ဒါကြောင့် ကျောက်မဲမြို့ခံတွေမှာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုကြပါတယ်။
ကျောက်မဲမြို့အနီး ပင်တီးကျေးရွာနဲ့ နောင်ချိုမြို့နယ်၊ ဘန်ကာချောင်းအနီးမှာ စက်တင်ဘာ ၃၀ ရက်ကလည်း စစ်ကော်မရှင်တပ်နဲ့ တအာင်းတပ်မတော်ကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့လည်း ဆိုကြပါတယ်။
အဲဒါကြောင့် ဒေသခံတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်းဆိုကြပါတယ်။