Border News Agency
ကျောက်မဲ၊ အောက်တိုဘာ ၂။
TNLA ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်ရဲ့အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့ အောက်တို ဘာလ ၂ ရက်၊ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းတွေဟာ ကျောက်မဲ-နောင်ချို-ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်းကို အောက်တို ဘာဘ ၁ ရက်၊ ညနေ ၄ နာရီခန့်မှာ ပြန် လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလမ်းဟာ ကုန်စည်စီးဆင်းမှုအတွ က် အဓိကအရေးပါတဲ့ မန္တလေး – လားရှိုး – မူဆယ်ပြည်ထောင်စုလမ်းမကြီး နောင်ချို – ကျောက်မဲလမ်းပိုင်းကို ပြန်ဖွင့်ဖို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီကျောက်မဲကို ပြန်လည်ထိန်းချူပ်နိုင်ဖို့၂၁ ရက်အတွင်း တိုက်ပွဲကြီး ၃၆ကြိမ်၊ ထိတွေ့မှုပေါင်း ၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အလောင်း၆၁ လောင်း၊ လက်နက် ၄၁ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဖက်ကအရာရှိ၊စစ်သည်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။