Border News Agency
မန္တလေး၊ အောက်တိုဘာ ၃။
မန္တလေးမြို့လယ်မှာ စစ်ကော်မရှင်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့် ကျင်သပိတ်မှောက်ပြီး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
အဲဒီသပိတ်ကို အောက်တိုဘာ ၃ ရက်၊ ဒီနေ့မနက်က ပြုလုပ်ခဲ့တာပါ။
“ဖက်ဆစ်ရွေးကောက်၊ခွေးထွက်ပေါက် ”၊”မဲမပေးနဲ့သပိတ်မှောက်”၊”သင့်မဲဖြင့် တရားဝင် လူသ-တ်ခွင့်မပေးနဲ့”၊”တော် လှန်ရေးမှတပါးအခြားမရှိ။”၊”ဖက်ဆစ် ဝါဒအမြစ်ဖြတ်ကြ။”၊”အရေးတော်ပုံ အောင်ရမည်” စတဲ့ စာစောင်တွေနဲ့ အ တူ ရွေးကောက်ပွဲဆန့်ကျင်သပိတ်လှုပ် ရှားမှုပြုလုပ်ခဲ့ကြတာပါ။
မန္တလေးပြည်သူတွေရဲ့ စစ်ကော်မရှင်အပေါ် နာကျည်းမှုနဲ့အတူ ရွေးကောက်ပွဲဆန့်ကျင်နေတာတွေကို ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းခေါင်းစဉ်တွေ၊ အတင်းအဓမ္မဖမ်းဆီးနှိပ်စက်မှုတွေကို မန္တလေးပြည်သူတွေရင်ဆိုင်နေရပြီး ပြည်သူတွေဟာ နာကျည်းမှုနဲ့အတူရွေးကောက်ပွဲကို မဲမပေးတာ၊ ဆန္ဒပြတာတွေနဲ့ဆန့်ကျင်လှုပ်ရှားခဲ့တာပါ။
စစ်ကော်မရှင်တပ်ကို အမြစ်ဖြတ်ပြီး အရေးတော်ပုံအောင်နိုင်ဖို့ လက်တွဲဆောင်ရွက်နေတယ်လို့ သတိပေးထားပါတယ်။