Border News Agency
နမ္မတူ၊ အောက်တိုဘာ ၆ ။
သီတင်းကျွတ်လပြည့်နေ့ နမ္မတူမြို့ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ နေအိမ်ခြောက်အိမ်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာ လ ၆ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နမ္မတူမြို့ မြို့မဈေးရပ်ရက်ကွက်၂ ကို အောက်တိုဘာ လ ၆ ရက်၊ဒီနေ့ မနက် ၇ နှစ်နာရီ ၄၃ မိနစ်အချိန်က ပြည်သူတွေရှိတဲ့နေရာကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက် ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်တာကြောင့် နမ္မတူမြို့ရှိ နေအိမ်ခြောက်အိမ်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
နမ္မတူမြို့ကို အောက်တိုဘာလ၂ ရက်နေ့ကလည်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးသေ ဆုံးပြီး ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒါကြောင့် ဒေသခံတွေဟာ စစ်ကော် မရှင်တပ်ရဲ့လေကြာင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နိုင်လို့ စစ်ရေးအမြဲသတိရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်သာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားတဲ့နေရာတွေကိုလေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ဆိုပါတယ်။
















