Border News Agency
ကျောက်မဲ၊ အောက်တိုဘာ ၇။
ကျောက်မဲမြို့မှာ စစ်ကော်မရှင်တပ်ကထိုးစစ်ဆင်ခဲ့ချိန် အမျိုးသမီးငယ်တဦးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သလို အရပ်သားလေးဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာလ ၆ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ ကျောက်မဲမြို့အနီးရှိလယ်တဲမှာတိမ်းရှောင်နေတဲ့ အရပ်သားလေးဦးကိုသတ်ဖြတ်ခဲ့ရာမှာအသက်ဆယ့်ခြောက်နှစ်အရွယ် အမျိုးသမီးငယ်တဦးကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအသက်သုံးဆယ်အရွယ်ဘုန်းကြီးတပါး၊အမျိုးသမီးတဦးနဲ့ သူ့ရဲ့သမီးဖြစ်သူ အသက်ဆယ့်ခြောက်နှစ်အရွယ်အမျိုးသမီးတဦး၊ အသက်ဆယ့်နှစ်နှစ်အရွယ်သားငယ်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တဲကိုပြန်ရောက်တော့ကျနော့်မိန်းမကိုရင်ဘတ်မှာကျည်ရာနဲ့မြေပေါ်လဲနေတာတွေ့တယ်။သားကလည်းသူ့ဘေးမှာလဲနေပြီးသွေးတွေရွှဲနေတာ။သမီးရဲ့အ၀တ်အစားတွေကိုလည်းမြေ ပေါ်မှာတွေ့တယ်။သူ့အလောင်းကိုကျအ၀တ်အစားတွေမပါဘဲတဲထဲမှာတွေ့တယ်။သူမကအဓမ္မကျင့်ပြီးအသတ်ခံရတာ။ဘေးမှာလည်းမြန်မာစစ်တပ်ရဲ့ ၀တ်စုံနဲ့သေနတ်ပြောင်းခေါင်းတွေလ ည်းတွေ့တယ်။” လို့ အဓမ္မပြုကျင့်သတ် ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ရဲ့ဖခင်ဖြစ်သူက ဆိုပါတယ်။
သူတို့ရဲ့ရုပ်အလောင်းကို အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးငယ်ရဲ့ဖခင်ဖြစ်သူက အောက်တိုဘာလ ၂၅ ရက်နေ့၊ မနက်ကမြင်ခဲ့ရတယ်လို့ဆိုပါတယ်။
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ကော်မရှင်က ပြန်လည်ထိန်းချူပ်နိုင်ခဲ့ပါတယ်။