Border News Agency
ရန်ကုန်၊အောက်တိုဘာ ၇။
ရန်ကုန်မှာ အိုက်စ် ၃၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂၁၉၈ ကီလိုဂရမ် စုစုပေါင်းငွေကျပ် ၁၉၅.၈၅ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က အောက်တိုဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ လူ ၁၆ ဦးကို ဖမ်းဆီးရမိပြီး ရခိုင်နဲ့မလေးရှားနိုင်ငံကို ပို့မယ့်မူးယစ်ဆေးဝါးတွေလို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်က တဆင့်ရန်ကုန်၊ ရန်ကုန်မှတဆင့် ရခိုင်နဲ့မလေးရှားနိုင်ငံကို ပို့ဖို့စီစဉ်နေတာလို့ ဆိုပါတယ်။
အဲဒါကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေသတ င်းရရှိလို့စစ်ဆေးပြီး စက်တင်ဘာလ ၂၄ ရက်နေ့က လှည်းကူးမြို့နယ်၊ဖော င်ကြီးလမ်းမပေါ်မှာ NISSAN CONDOR ယာဉ်တစီး၊အိုက်စ် ၁၄၃၉ ကီလိုဂရမ် (တန်ဖိုးငွေ ၃၅.၉၇ ဘီလီယံ)နဲ့ ယာဉ် မောင်းသူ အောင်ခန့်ကျော်၊ထက်ဝေဖြိုးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးရဲ့ ထွက်ဆိုချက်အရ ရွှေပြ ည်သာမြို့နယ်၊ဒညင်းကုန်းလမ်းဆုံအ နီးက ရွှေမောင်းလက်ဖက်ရည်ဆိုင်မှာမူးယစ်ဆေးသယ်ယူပေးသူတွေဖြစ်တဲ့ ဇော်ဝင်းထွန်းနဲ့ဆန်းထွန်းကျော်၊ ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာက ဇော်လင်းနဲ့စောဇင်မင်းဟန်ကို နေအိမမှာ အိုက်စ် ၁၉၉၉ ကီလိုဂရမ်(တန်ဖိုးငွေ ၄၉.၉၇ ဘီလီယံ)နဲ့ အတူ ထပ်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၂၇ ရက်နေ့က သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာအနီးက ဂိုဒေါင်ပိုင်ရှင်ကျော်နိုင်နဲ့ယာဉ် မောင်းအပါအဝင် သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ် (တန်ဖိုးငွေ ၁၀၉.၉ ဘီလီယံ)နဲ့ ဖမ်းဆီးရမိခဲ့ပြီး MITSUBISHI FUSO, NISSAN VANETTE, HYUNDAI PORTER စတဲ့ အသုံးပြုယာဥ်သုံးစီးကိုလည်း သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။
လှိုင်သာယာမြို့နယ်၊ရေဥက္ကံကျေးရွာက စိုးမင်းပိုင်နဲ့ Smile World Spa ဆိုင်က ခင်မောင်တွတ်အပါအဝင်တခြားဖမ်းဆီးမှုတွေလည်း ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး တွံတေးမြို့နယ်၊ဘုရားငူကျေးရွာက တင့်နိုင်ထွန်းကိုလည်း စက် တင်ဘာလ၂၉ ရက်နေ့က ထပ်ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။
ကိုကျော်နိုင်ထွက်ဆိုချက်အရမူးယစ် ဆေးတွေကို ပင်လယ်ရေလမ်းကြောင်းအတိုင်း မလေးရှားနိုင်ငံသို့ ဆက်ပို့ဖို့စီ စဉ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ထွက်ပြေးနေသူတွေအပါအဝင် ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးဖို့ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။


































