Border News Agency
မြိတ်၊ အောက်တိုဘာ ၈။
မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေ၊မ ယ်သမီခီး(ထီးခီး)ကျေးရွာကို စစ်ကော် မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ နေအိမ်အများအပြားပျက်စီးသွားတယ်လို့ မြိတ်ထားဝယ်ခရိုင်၊ပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးမှ အောက်တိုဘာလ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မယ်သမီခီး(ထီးခီး)ကျေးရွာကို အောက်တိုဘာလ ၈ ရက်၊ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်အချိန်က လေကြောင်းမှဗုံးအလုံးလေးဆယ်နဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ ပိုင်နေအိမ်နဲ့အဆောက်အအုံတချို့ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။














