Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေက ဒေသခံတောင်သူတွေဟာ ဆောင်းသီးနှံတွေစတင်စိုက်ပျိုးနေကြတာမို့ အကူအညီတွေ လိုအပ်နေကြတ ယ်လို့တောင်သူတွေက ဆိုကြပါတယ်။
အဲဒီတောင်သူတွေဟာ မြေသြဇာတွေ၊ပိုးသတ်ဆေးတွေ၊စိုက်ပျိုးနည်းစနစ်တွေ အကူအညီတွေ လိုအပ်နေကြတာလို့ ဆိုကြပါတယ်။
အဲဒီတောင်သူတွေဟာ လာမယ့်ဆော င်းရာသီအတွက် ငရုတ်ပင်တွေကို စတင်စိုက်ပျိုးနေကြပေမယ့် အကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
“အရင်နှစ်တွေကတိုက်ပွဲနဲ့စစ်ရှောင်နေရလို့စိုက်ခင်းတွေမလုပ်ခဲ့ရပါဘူး။အဲဒါ နဲ့ ခုက မျိုးစေ့တွေရှာလို့မရပါဘူး။ဆိုင်တွေမှာပြည်ပကလာတဲ့ မျို့သန့်မျိုးစေ့တွေရောင်းပေမယ့်ဈေးများပါတယ်။မဝယ်နိုင်ပါဘူး။ဟင်းသီးဟင်းရွက်တွေကရာသီပေါ်ချိန်မရောက်ခင်လက်ဦးတင်ကြိုစိုက်ပြီးရောင်းမှဈေးပိုရပါတ ယ်။မျိုးစေ့တွေအကူအညီလိုပါတယ် ။”လို့ ကျောက်တော်မြို့နယ်မှတောင်သူတဦးက Border News Agency ကိုပြောပါတယ်။
စစ်ပွဲတွေကြောင့် သီးနှံစိုက်ပျိုးမှုဧကနည်းပါးလာလို့ ဒေသထွက်ကုန်တွေန ည်းလာပြီး ပြည်သူတွေဟာ ပြည်မကလာတဲ့ဟင်းသီးဟင်းရွက်တွေကိုဈေးပိုပေးဝယ်ယူစားသုံးနေကြရတယ်လို့ ပြ ည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင် ကုန်ဈေးနှုန်းတွေ အဆမတ န်မြင့်တက်နေတာကြောင့်လည်း တောင် သူအများစုဟာ ဆောင်းသီးနှံတွေအ များကြီးစိုက်ပျိုးဖို့ စိတ်အားထက်သန်နေကြပြီး စိုက်ပျိုးမှုအောင်မြင်ရေးအ တွက် အကူညီလိုအပ်နေကြတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
“ချည်ပေါင်တစည်းတောင်ငါးရာ၊တထောင်ဈေးဖြစ်နေတော့ စိုက်ခင်းစိုက် ပျိုးဖို့လိုလာပါပြီ။ဝယ်စားဖို့ကလည်း မိသားစုများရင်လိုက်မမီတော့ပါဘူး။တိုက်ပွဲကာလမှာ စားဝတ်နေရေးပြေ လည်ဖို့ကအရေးကြီးပါတယ်။ကိုယ့်ဒေ သကသီးနှံတွေအများကြီးထွက်မှပြည်မကလမ်းပိတ်လည်းအဆင်ပြေပါမယ် ။ရောင်းချစားသောက်ဖို့ စိုက်ခင်းတွေလည်း အများကြီးစိုက်လာကြပါတယ်။အကူအညီတွေတော့လိုတာပေါ့။တာဝန် ရှိသူတွေကမျိုးစေ့တွေထောက်ပံပေးရင်ပိုကောင်းပါမယ်။” လို့ ကျောက်တော်မြို့နယ်မှ တောင်သူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီဆောင်းသီးနှံတွေကို ရသေ့တောင်၊ဘူးသီးတောင်၊ပုဏ္ဏားကျွန်း၊ကျောက် တော်၊မြောက်ဦးနဲ့မင်းပြား စတဲ့မြို့နယ်တွေမှာ စီးပွားဖြစ်အများဆုံးစိုက်ပျိုးကြပါတယ်။
အဲဒီမြို့နယ်တွေမှာ မျိုးစေ့ရှားပါးတာနဲ့ ဈေးနှုန်းမြင့်တက်တာတွေကြောင့် တောင်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းကိုဆက်ပြီးလုပ်နိုင်ဖို့အခက်အခဲအများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။
တိုက်ပွဲမဖြစ်ပွားခင်က တောင်သူတွေဟာ ပဲ၊မုန်ညှင်း၊ငရုတ်၊ကြက်သွန်၊ နေကြာနဲ့ဟင်းသီးဟင်းရွက်အမျိုးမျိုးကို စီးပွားဖြစ်စိုက်ပျိုးခဲ့ကြတယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့်တိုက်ပွဲတွေပြင်းထန်ခဲ့လို တ ချို့မြို့နယ်တွေမှာစားသုံးဖို့အတွက်သာ ဆောင်းသီးနှံကိုတပိုင်တနိုင်သာ စိုက် ပျိုးနိုင်တော့တယ်လို့ တောင်သူတွေကဆိုကြပါတယ်။
အာရက္ခဒေသမှာ စိုက်ပျိုးဧကဆယ့်နှစ်သိန်းခွဲကျော်ရှိပြီး ဆောင်းသီးနှံစိုက်ဧ ကမှာငါးသိန်းကျော်ပါဝင်တယ်လို့တောင်သူတွက ဆိုကြပါတယ်။
ဒါပေမယ့် ဒေသတွင်းစစ်ရေးပဋိပက္ခတွေကြောင့် ဆောင်းသီးနှံစိုက်ပျိုးဧကခြောက်ဆယ်ရာခိုင်နှုန်းထိ လျော့နည်းသွားတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။