Border News Agency
မင်းတပ်၊ အောက်တိုဘာ ၉။
ချင်းပြည်၊ မင်းတပ်မြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကျောင်းသားသုံးဦး၊ မသန်စွမ်းတဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ CDF မင်းတပ်တပ်ဖွဲ့မှ အောက်တိုဘာလ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မင်းတပ်မြို့နယ်တိုက်နယ် ၂ ကျေးရွာနှစ်ရွာရှိဘော်ဒါဆောင်ကို အောက်တိုဘာလ ၈ ရက်၊ မနေ့ ညနေ ၆ နာရီ ၅၇ မိနစ်အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသားသုံးဦးအပါအဝင်မသန်စွမ်းအမျိုးသမီးတဦး သေဆုံးသွားပြီး တဆယ်ကျော်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စာသင်ဆောင်တွေအပါအဝင်လူနေအိမ်ခြောက်လုံးလည်းပျက်စီးသွားတယ်လို့ဆိုပါတယ်။
















