Border News Agency
စစ်တကောင်း၊ အောက်တိုဘာ ၁၀။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းတောင်တန်းဒေသမှဌာနေတိုင်းရင်းသားတောင်ချန်ဂျာလူမျိုးတဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲသွားကြတယ်လို့ ဌာ နေတိုင်းရင်းသားတွေက အတည်ပြုပြောကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ရွာတော်ခရိုင်၊ နတ်ကျောင်းချရီခရိုင်ခွဲ၊ခေါင်းတုံးကျေးရွာအုပ်စု၊ ရပ်ကွက် ၈ နယ်မြေနဲ့ဆက်စပ်နေတဲ့ဂေါ်ဂျန်ဘောနီးယားကျေးရွာကရရှီးအောင်တောင်ချန်ဂျာရဲ့သားအသက်သုံးဆယ်ရှစ်နှစ်အရွယ်ဂျူမားလယ်သမားဆူမန်တောင်ချန်ဂျာကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းသွားကြတာလို့ ဆိုကြပါတယ်။
အဲဒီဆူမန်တောင်ချန်ဂျာဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၈ ရက်နေ့၊နေ့လည် ၂ နာရီအချိန်ခန့်က သူရဲ့တောင်ယာခရမ်းခင်းကိုသွားရာမှာ ပျောက်ဆုံးသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
သူဟာ ညနေထိအိမ်ပြန်မရောက်လို့ ရွာသားတွေက သူ့တောင်ယာခင်းကို သွားရှာကြချိန်မှာ လူတဆယ့်နှစ်ယောက်ခန့်ရဲ့ခြေရာတွေကို တောင်ယာခင်းနားမှာ တွေ့ခဲ့တယ်လို့ ဂေါ်ဂျန်ဘော့နီယားရွာခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ဆူမန်တောင်ချန်ဂျာပျောက်ဆုံးမှုဟာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့လက် ချက်ဖြစ်နိုင်တယ်လို့ ဂေါ်ဂျန်ဘောနီးယားရွာခံတွေက သံသယဖြစ်နေကြပါတယ်။
အဲဒီဆူမန်တောင်ချန်ဂျာပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေဆီမှာ တိုင်ချက်ဖွင့်ထားတယ်လို့လည်း ရွာသားတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဝမောင်တန်ချန်ဂျာအမည်ရှိ တ ခြားရွာသားတဦးကိုလည်း ခေါင်းတုံးကျေးရွာအုပ်စု၊ ဘာလူကီယားရွာမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေပြန်ပေးဆွဲသွားခဲ့လို့ ခုထိရှာမတွေ့သေးဘူးလို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီအပြင် ၂၀၂၄ ခုနှစ်၊မေလ ၁၆ ရ က်နေ့ကလည်း တန်ချန်ဂျာရှာသားနှစ်ဦးဖြစ်တဲ့အသက်နှစ်ဆယ်ကိုးနှစ်အရွ ယ်ချစ်လှမောင်ချက္ကမနဲ့အသက်နှစ်ဆ ယ်ငါးနှစ်အရွယ်ကျာမောင်ခိုတန်ချန်ဂျာကိုလည်း ကော့ဘဇားခရိုင်၊တက္ကနဖ် ခရိုင်ခွဲ၊ဟိုကျန်နတ်မြစ်၊အမှတ် ၅ ဆည်တံခါးအနီးငါးရှာနေကြချိန်မှာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေ ပြန်ပေးဆွဲဖမ်းဆီးသွားကြတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေရဲ့အ ကြမ်းဖက်လှုပ်ရှားမှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလုံခြုံရေးနဲ့အမျိုးသားအ ကျိုးစီးပွားကို ထိခိုက်မှုတွေရှိလာမယ်လို့ နိုင်ငံတကာပဋိပက္ခများလေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group – ICG)က ဇွန်လ ၁၈ ရက်နေ့ထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာကို ”ဘင်္ဂလားဒေ့ရှ်-မြန် မာအတွက် ရိုဟင်ဂျာလက်နက်ကိုင်အန္တရာယ်” အမည်ပေးထားပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အာရက္ခတပ်တော်(AA)ကို တိုက်ဖို့အတွက် အချင်း ချင်းမဟာမိတ်ဖွဲ့ထားကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာလည်း အတင်းအကြပ်လူသစ်စုဆောင်းတာတွေပြုလုပ်နေကြတယ်လို့ ICG ကဆိုပါတယ်။
အဲဒီအပြင် နယ်စပ်ဖြတ်ကျော်အကြမ်း ဖက်မှုတွေလည်းကျူးလွန်နေကြတာမို့ဘင်္ဂလားဒေ့ရှ်နိုင်ငံလုံခြုံရေးအပေါ် ထိ ခိုက်မှုတွေရှိလာမယ်လို့လည်း ICG က သတိပေးထားပါတယ်။
မြန်မာစစ်တပ်ဟာ အာရက္ခတပ်တော်ကိုတိုက်ဖို့အတွက် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေကို ကျောထောက် နောက်ခံပြုပေးထားကြောင်း ပြင်းထန်တဲ့စွပ်စွဲမှုတွေရှိနေတယ်လို့လည်း ICG က ဆိုပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့စစ်ရေးဖော်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေးနဲ့ သွယ်ဖယ်နေတာကြောင့် ရိုဟင်ဂျာတွေအပေါ် အမြင်မကြည်လင်မှုတွေဟာလည်းရှိလာနိုင်ပြီး ရခိုင့်လူမှုအသိုင်းအဝန်းနဲ့ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲသွားနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီအကျိုးဆက်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာအသိုင်းအဝန်းက ကြိုးစားနေတဲ့ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တယ်လို့လည်း ICGက ထောက်ပြထားပါတယ်။
အဲဒါကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဟာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့လို အပ်တယ်လို့လည်း ICG က အကြံပြုထားပါတယ်။
ရခိုင်ကတချို့နေရာတွေမှာ တရားမျှတမှုနဲ့လူ့အခွင့်အရေးကို မလေးစားမှုတွေရှိနေတယ်လို့လည်း ဆိုကြပါတယ်။
အဲဒီလိုကိစ္စရပ်တွေဟာ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှု အလွှာပေါင်းစုံရှိနေတဲ့အောက်ခြေလူထုကို တဖက်စည်းသို့ရောက်အောင်တွန်းထုတ်နေသလိုဖြ စ်သွားတတ်တယ်လို့ ဆိုကြပါတယ်။
အဲဒီအနေအထားမျိုးဟာ နိုင်ငံရေးအုပ် စုအသီးသီးအတွက် အသုံးချစရာရေခံမြေခံဖြစ်သွားနိုင်ပြီး ဆိုးကျော့သံသရာတွေကို လည်နေစေနိုင်တယ်လို့ ဆိုကြပါတယ်။
ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြ မ်းဖက်သမားတွေဟာ ရိုဟင်ဂျာလူထုအပေါ် စည်းရုံးတဲ့အခါမှာလည်း ရခိုင်ကအာဏာရှိသူတွေရဲ့တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို မလေးစားမှုကြောင့် သက်ရောက်လာတဲ့နာကျင်မှုတွေကို ထောက်ပြအသုံးချလာတာမျိုးလည်းရှိနေတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ဟာ ရခို င်ကလူမှုအသိုင်းအဝန်းအားလုံးအပေါ်တရားမျှတမှုပေးနိုင်တဲ့အဖွဲ့အစည်းမျိုးအဖြစ် သက်သေပြဖို့လိုတယ်လို့ ICG ရဲ့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အကြမ်းဖက်ဖမ်းဆီးပြန်ပေးဆွဲနေတာတွေ၊ ဖမ်းဆီးသတ်ဖြတ်နေတာတွေ၊ မူးယစ်ဆေးဝါးပြုလုပ်နေတာတွေ၊ လူကုန်ကူးနေကြတာတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရကထိထိရောက်ရောက်အရေးမယူနိုင်ရင် ဘင်္ဂလားဒေ့ရှ်နိုင်မှာအကြမ်းဖက်မှုတွေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ဆိုကြပါတယ်။
ကိုးကား –