Border News Agency
မောင်တော၊ အောက်တိုဘာ ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလားနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေဟာ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်
နေပြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအစ္စလာမ်မစ်စစ်သွေးကြွတွေဟာ မောင်တောမြို့နယ်၊တောင်ပြိုမှဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကြားတလျှောက်နေရာတွေကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြတာလို့ ဆိုကြပါတ ယ်။
အဲဒီလိုနယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်ကြဖို့အတွက်လက်နက်ရိက္ခာထောက်ပံ့ပေးပြီးနောက်ကွယ်ကစနစ်တကျစေခိုင်းနေတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
“သူတို့က ကမ့်ထဲမှာနေပြီးနိုင်ငံတကာအကူအညီတွေရပ်တည်နေကြရတာပါ။ ခုလိုမျိုးလက်နက်အင်အားတွေများလာတာဟာ နောက်ကွယ်ကနောက်ပံ့နေတဲ့အဖွဲ့တွေရှိနေပါတယ်။ အင်အားရာချီပြီးတပြိုင်တည်းတိုက်ခိုက်ဖို့လက်နက်အင်အားအများကြီးလိုပါတယ်။ဒီအကြ မ်းဖက်မှုကဘင်္ဂလားဒေ့ရှ်အတွက်လ ည်းစိုးရိမ်ရပါတယ်။” လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊နတ်ကျောင်းဆရီနေဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေရဲ့နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခို က်နေတာတွေကို နယ်စပ်အနီးနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကြားနေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေကိုပန်းဝါ(ရာမူး)အခြေစိုက်ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထောက်ပံ့ကူညီအခွင့်အရေးတွေပေးထားတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေဟာ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းမှာအခြေစိုက်စခန်းအနည်းဆုံးတဆယ့်ခုနှစ်ခုထိရှိနေပြီးအကြမ်းဖက်တိုက်ခိုက်ဖောက်ခွဲရေးသင်တန်းတွေပေးနေကြတယ်လို့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ဆိုကြပါတယ်။
“ကမ့်ထဲမှာလူသစ်တွေနေ့တိုင်းစုဆော င်းနေကြပါတယ်။အင်အားအများကြီးရရင်တပြိုင်တည်းဝင်တိုက်ပြီးမောင်တောကိုသိမ်းမယ်လို့စည်းရုံးနေကြပါတယ်။ ဒီလ်မာမတ်က အဓိကစည်းရုံးနေတာပါ။ အရင်ထက်တော့ အင်အားများလာပါတယ်။” လို့ ကုတုပါလောင်ဒုက္ခသည်စခန်းမှရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားစစ်သွေးကြွတွေရဲ့ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်တိုက်ခို က်မှုတွေကို ဒုက္ခသည်စခန်းတွေကလည်းကြားနေကြရပြီး ဘင်္ဂလားဒေ့ရှ်နယ်
ခြားစောင့်တပ်ကတော့ နယ်စပ်လုံခြုံ ရေးတိုးထားတယ်လို့ ဆိုပါတယ်။
အဲဒီအစ္စလာမ်မစ်အစွန်းရောက်စစ် သွေးကြွအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အာရက္ခ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေ အပြစ်မဲ့အာရက္ခမိဘပြည်သူတွေရဲ့အသက်အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်နေတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်း ရောက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုလှုပ်ရှားနေကြတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရလက်နက်ကိုင်တာဝန်
ရှိသူတချို့ဟာ အကြမ်းဖက်သမားတွေကို အားပေးကူညီပေးနေကြတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။
အဲဒီအာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားအစ္စလာမ်မစ်အစွန်းရောက်တွေဟာ နတ်မြစ်အပါအဝင်ရေပြင်မှာလည်း ငါးဖမ်းသမားတွေဟန် ဆောင်ပြီး ဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေလည်းမကြာခဏကျူးလွန်နေကြသလို ကျွဲ၊နွား၊ဆိတ်စတဲ့ တိရိစ္ဆာန်တွေကို အုပ်စုလိုက်ခိုးယူနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးစေဖို့နဲ့ပြည်သူ့လုံခြုံရေးအတွက် အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အစ္စလာမ်မစ်အစွန်း ရောက်စစ်သွေးကြွအကြမ်းဖက်အဖွဲ့တွေကို လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။