Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ရေး နိုင်ငံရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသက စစ်ဘေးရှောင်တွေ စောင်နဲ့အနွေးထည် အကူအညီတွေလိုအပ်နေ

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်ကစစ်ဘေးရှောင်စခန်းတခု / BNA)

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်ကစစ်ဘေးရှောင်စခန်းတခု / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
3
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၁၅။

ဆောင်းရာသီရောက်လာပြိီမို့ အာရက္ခဒေသကစစ်ဘေးရှောင်စခန်းတွေမှာ စောင်နဲ့အနွေးထည်အကူညီတွေလိုအပ်နေကြတယ် စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာမလုံခြုံဘဲ တာပေါ်လင်စတွေမိုးပြီး ဝါးတွေနဲ့ အဆင်ပြေသလို တဲထိုးပြီးနေကြရတာမို့အအေးဒဏ်မကာကွယ်နိုင်ဘဲ ဆောင်းရာသီကိုဖြတ်သန်းဖို့အခက် အခဲအများကြီးရှိနေကြတယ်လို့ဆိုကြပါတယ်။

အာရက္ခဒေသကစစ်ဘေးရှောင်တွေမှာ တိုက်ပွဲတွေကြောင့်အသက်လုပြီးနေ ရပ်စွန့်ခွာထွက်ပြေးလာရတာမို့ ဘာမှမပါလာတဲ့အတွက် ဆောင်းရာသီကိုဖြတ်သန်းဖို့ အနွေးထည်နဲ့စောင်တွေ အကူအ ညီလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“ခုကမိုးကုန်ပြီပေါ့နော်။ ဆောင်းတွင်းဘက်ရောက်လာပြီဆိုတော့ရခိုင်မှာက မနက်ပိုင်းနဲ့ညနေဘက်တွေမှာအေးလာပြီ။ အဝတ်တထည်ကိုယ်တခုနဲ့ထွက်ပြေးလာရတာဆိုတော့အဘက်ဘက်ကခက်ခဲနေတဲ့ ကျနော်တို့လို စစ်ဘေးရှောင်တွေက စောင်တွေဝယ်ယူဖို့မတတ်နိုင်ကြဘူး။ စောင်နဲ့အနွေးထည်တွေအကူညီလိုအပ်နေကြပါတယ်။” လို့ စစ်ဘေးရှောင်တဦးက Border News Agency ကိုပြောပါတယ်။

အဲဒီအပြင် စစ်ဘေးရှောင်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး နေ့စဥ်ဝင်ငွေမရှိတာကြောင့် မိသားစုဝမ်းရေးကို မငတ်ရုံတမယ်အနိုင်နိုင်ဖြေရှင်းနေကြရလို့ ဆောင်းတွင်းကာလအတွက် စောင်နဲ့အနွေးထည်တွေလည်း မဝယ်နိုင်ကြဘူးလို့လည်း ဆိုကြပါတယ်။

အာရက္ခဒေသမှာ ဆောင်းဦးရာသီနီး ကပ်လာတာမို့အမိုးအကာမလုံခြုံဘဲ နေရတဲ့စစ်ဘေးရှောင်တွေမှာ စုတ်ပြဲနေတဲ့ တာပေါ်လင်စတွေကိုခင်းပြီး အိပ်စက်ရတာ၊ပေါက်ပြဲဟောင်းနွမ်းနေတဲ့စောင်တွေနဲ့ပုဆိုးတွေအပြင် ခြင်ထောင်အပြဲတွေကိုပါခြုံပြီးအိပ်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“စစ်ဘေးရှောင်တွေအတွက်ကပထမဆုံးကစားဝတ်နေရေးပေါ့။ ပြီးရင်ဆောင်းရာသီဖြတ်သန်းဖို့အနွေးဓာတ်လိုတယ်။ စောင်တွေအနွေးထည်တွေပေါ့။ ကျနော်တို့ PYA အသင်းကတော့ စစ်ဘေးရှောင်နှစ်ထောင်အပြင်တပြည်နယ်လုံးကခက်ခဲနေတဲ့စစ်ဘေးရှောင်တွေအ တွက် အဓိကဦးတည်ပြီးကူညီဖို့ရှိတ ယ်။ကျနော်တို့ကလည်း ခက်ခဲမှုရှိတ ယ်။အလှူရှင်တွေနဲ့သွားနေရတဲ့အပိုင်းဆိုတော့အလှူရှင်တွေရဖို့လည်းလိုတယ်။ပြီးမှကူညီထောက်ပံနိုင်မှာ။” လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးမှတာဝန်ရှိသူတဦးဖြစ်တဲ့ကိုကျော်ဝင်းထွန်းက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသလက်ရှိဈေးကွက်တွေမှာ စောင်တထည်ကိုအထူ၊အပါးအပေါ်မှုတည်ပြီးအနိမ့်ဆုံးဈေးကျပ်သုံးသောင်းမှကျပ်ငါးသောင်းကျော်ထိဈေးနှုန်းရှိနေတယ်လို့ဆိုကြပါတယ်။

အဲဒီအပြင် ကျောက်တော်မြို့နယ်ကစစ်ဘေးရှောင်စခန်းတွေမှာလည်း ဆောင်း ရာသီဖြတ်သန်းဖို့ အိပ်ရာခင်းတွေ၊အနွေထည်နဲ့စောင်တွေလိုအပ်နေတယ်လို့ ဆိုကြပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီး အကူညီတွေမရဘဲ စားနပ်ရိက္ခာတွေပြတ်လက်လို့ အ ခက်အခဲဖြစ်နေကြတဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်လေးသောင်းကျော်မှာလည်း တောတောင်တွေထဲ တဲထိုးနေထိုင်နေရတာကြောင့် စောင်နဲ့အ နွေးထည်အပြင် ခြင်ထောင်တွေပါလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“တောတောင်ထဲမှာဆိုတော့မိုးမချုပ်သေးဘူး။အအေးဓာတ်တွေပိုလာပြီ။ညဘက်တွေဆိုအေးစိမ့်နေတယ်။ခြင် ထောင်တွေလည်းမရှိတော့ခြင်ထောင်လည်းလိုပါတယ်။စောင်နဲ့အနွေးထည်ကတော့ဆောင်းတွင်းဆိုအရေးတကြီးလိုအပ်တာပေါ့။” လို့ ကျောက်ဖြူမြို့ နယ်မှစစ်ဘေးရှောင်တဦးက Border News Agency ကိုပြောပါတယ်။

သံတွဲနဲ့အမ်းမြို့နယ်တွေကစစ်ဘေးရှောင်တွေမှာလည်းစားဝတ်နေရေးအ တွက် ပင်လယ်ထွက်ပြီးငါးဖမ်းသွားတဲ့အခါ စစ်ကော်မရှင်တပ်ရဲ့ရေတပ်ကဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့်အလုပ်မလုပ်ရတဲ့အတွက်ဝင်ငွေမရရှိလို့ စားဝတ်နေရေးအပြင် စောင်၊ အိပ်ရာခင်း၊ အနွေးထည်နဲ့ခြင် ထောင်တွေပါ အကူညီလိုအပ်နေတယ်လို့ ဆိုကြပါတယ်။

“စောင်နဲ့အနွေးထည်ကတော့ ဆောင်းတွင်းဆိုအရေးတကြီးလိုအပ်တာပေါ့။စားဝတ်နေရေးရော အခက်အခဲဖြစ်နေတာမို့ အကူအညီတွေလိုအပ်နေပါတယ်။” လို့ စစ်ဘေးရှောင်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခဒေသကစစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ခါနီးကစပြီး နိုင်ငံ တကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရတာကြောင့်အခက် အခဲပေါင်းစုံကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသကို ကုန်းလမ်း၊ရေလမ်းတွေပိတ်ဆို့ဖြတ်တောက်ထားတာမို့ ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာနေပြီး ပြည်သူတွေရဲ့နေ့စဥ်ဘဝမှာအခက်အခဲတွေနဲ့ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ၊နိုင်ငံတာအဖွဲ့အစည်းတွေနဲ့လူမူကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းတွေမှာလည်း ဖုန်းလိုင်း၊အင်တာနက်အခက်အခဲတွေကြောင့် မလည်ပတ်နိုင်တော့ဘဲရပ်နားထားရတာမို့ စစ်ဘေးရှောင်တွေမှာ အကူအညီမရတေ့ာဘဲ ပိုမိုခက်ခဲလာနေတယ်လို့ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်ခြောက်သိန်းကျော်ခန့်ရှိနေတယ်လို့ လူသားချင်းစာ နာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

PrevPreviousမာန်အောင်မှာဖုန်းလိုင်းပြန်ဖွင့်ပေးပေမယ့် နယ်ဘက်ကျေးရွာတွေမရသေး
Nextစစ်ကော်မရှင်က အလုပ်သမားတွေရဲ့လုပ်ခလစာကို ၇၈၀၀ ကျပ်သတ်မှတ်Next
Previous Post

မာန်အောင်မှာဖုန်းလိုင်းပြန်ဖွင့်ပေးပေမယ့် နယ်ဘက်ကျေးရွာတွေမရသေး

Next Post

စစ်ကော်မရှင်က အလုပ်သမားတွေရဲ့လုပ်ခလစာကို ၇၈၀၀ ကျပ်သတ်မှတ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်

ကန့်ဘလူမြို့နယ်က စစ်ရှောင်တွေအကူအညီလိုအပ်နေ

December 7, 2025
ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်တပ်ကျီးကုန်းအရှေ့ရွာမှ အမျိုးသားတဦးကိုသတ်ဖြတ်ပြီး နေအိမ်ဆယ်လုံးကိုမီးရှို့ခဲ့ (ဓာတ်ပုံသတင်း)

December 7, 2025
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page