Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၈။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မြန်မာ – သီရိလင်္ကာနှစ်နိုင်ငံ လေတပ်တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်နိုင်ငံလေတပ်ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ရှိ Chatrium Hotelမှာ အောက်တိုဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး စစ်ကော်မရှင်လေချုပ်အရာရှိတွေနဲ့ သီရိလင်္ကာလေတပ်တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံ လေတပ်ကြားချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုးမြင့်ဖို့၊ လေ့ကျင့်ရေး၊ ပညာရေး၊ အားကစားကဏ္ဍတွေမှာ အပြန်အလှန်ထိတွေ့ဆက်ဆံဖို့အတွက် အတည်ပြုလက်မှတ်ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ရှိ အထင်ကရနေရာတွေကို သီရိလင်္ကာလေတပ်အဖွဲ့သွားခဲ့ကြပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ သီရိလင်္ကာနိုင်ငံသို့ ပြန်သွားခဲ့ကြတယ်လို့ဆိုပါတယ်။






