Border News Agency
သံတွဲ၊ အောက်တိုဘာ ၂
အာရက္ခတပ်တော်(AA)သိမ်ပိုက်ထိန်း ချုပ်ထားတဲ့သံတွဲနဲ့ဂွအနီးပင်လယ်ပြင်မှာ ည ၆ နာရီမှ နံနက် ၆နာရီထိ ညအ ချိန်ငါးမဖမ်းကြဖို့ အောက်တိုဘာလ ၁၉ ရက်၊မနေ့ကရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအသိပေးတားမြစ်လိုက်ပါတယ်။
အဲဒီတားမြစ်အမိန့်ထုတ်ပြန်လိုက်တဲ့နေ့မှပြန်လည်ရုပ်သိမ်းကြောင်းမထုတ်ပြန်မချင်း ရေလုပ်သားတွေဟာသံတွဲနဲဂွအနီးပင်လယ်ပြင်မှာညအချိန်ငါးဖမ်းတာ “လုံးဝ” မပြုလုပ်ကြဖို့အသိပေးလို က်ပါတယ်။
စစ်ကော်မရှင်ရဲ့စစ်ရေးလှုပ်ရှားမှုအ ပေါ် မူတည်ပြီး သတိပေးတားမြစ်ချက်ပြန်လည်ရုပ်သိမ်းမယ့်နေ့ကိုထပ်မံအ သိပေးသွားမယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့စစ်သင်္ဘောတွေဟာ ပင်လယ်ပြင်အတွင်းငါးဖမ်းနေကြတဲ့ငါးဖမ်းလှေတွေကို လက်နက်ကြီးပစ်ခ တ်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်တံငါသည်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာမို့နေ့အချိန်ငါးဖမ်းသွားမယ်ဆိုရင်ကမ်းဝေးသို့သွားရောက်မဖမ်းကြဖို့ အသိပေးထားပါတယ်။
နောက်ပြီး စစ်ကော်မရှင်ရဲ့စစ်သင်္ဘောတွေလာနေတာကို မြင်တွေ့ရင်ကမ်းစ ပ်၊ကမ်းနီးသို့ အမြန်ဆုံးဆိုက်ကပ်လာကြပါဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီလိုအချိန်အကန့်သတ်မရှိ ငါးဖမ်းခွင့်ပြုထားတာဟာ စစ်ကော်မရှင်ရဲ့စစ်အင်အားဖြည့်တင်းတာ၊စစ်ဆင်ရေးအ တွက် ငါးဖမ်းလှေတွေကို အကာအကွ ယ်ယူကာလွတ်လပ်စွာသွားလာနိုင်တဲ့
အခွင့်အရေးမျိုးဖြစ်ပေါ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောတွေအပါအဝင်စစ်သည်အင်အားအများဆုံးဖြည့်တင်းထားပြီရေပြင်ကင်းလှည့်တာတွေ၊ စစ်ရေးလှုပ်ရှားတာတွေပိုမိုပြုလု ပ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီအပြင်အာရက္ခတပ်တော်သိမ်းပိုက်ထားတဲ့မြို့တွေအနီးဆုံးနေရာ ရေပြင်တွေထိ စစ်ရေးလှုပ်ရှားနေတာမို့ ကမ်းတက်ထိုးစစ်တွေပြုလုပ်ပြီးမြို့တွေကိုပြန်သိမ်းဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။






