Border News Agegcy
မိုးကုတ်၊ အောက်တိုဘာ ၂၀ ။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကျောက်ဖားကျေးရွာကို စစ်ကော်မရှင်တပ် ထပ်မံလေကြာင်းတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျောက်ဖားကျေးရွာရှိ ကြက်မွေးမြူးရေးခြံကို အောက်တိုဘာလ ၁၉ ရ က်၊ မနေ့နေ့လည် ၂ နာရီ ၆ မိနစ်အချိန်က စစ်ကော်မရှင်တပ်မှပေါင် ၂၅၀ ဗုံးတလုံးနဲ့ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကြက်မွေးမြူရေးခြံပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ မန်တုံနဲ့မိုင်းငေါ့မြို့နယ်ကိုလည်း အောက်တိုဘာလ ၁၉ ရက်၊မနေ့က လေကြော င်းတိုက်ခိုက်ခဲ့လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခုအောက်တိုဘာ၁ ရက်နေ့မှ၁၈ရက်နေ့ထိ မန်တုံမြို့ကို တကြိမ်၊ကျောက်မဲမြို့ကိုသုံးကြိမ်၊ သီညပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုတကြိမ်၊ မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကိုငါးကြိမ်၊ နမ္မတူမြို့ကိုငါးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ် စုစုပေါင်းနှစ်ဆယ့်ရှစ်ကြိမ်ထိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နှစ်ပါး၊ ကလေးရှစ်ဦး၊အမျိုးသားဆယ့်နှစ်ဦး၊အမျိုးသမီးဆယ့်ကိုးဦးသေဆုံးခဲ့ပြီး ကလေးဆယ့်တဦး၊အမျိုး သားဆယ့်လေးဦး၊အမျိုးသမီးဆယ့်တဦးဒဏ်ရာရှိခဲ့ပြီး လူနေအိမ်တရာသုံးဆယ်ရှစ်အိမ်၊စာသင်ကျောင်းသုံးကျော င်း၊ဘုန်းကြီးကျောင်းသုံးကျောင်း၊ ကျောင်းဆောင်လေးဆောင်နဲ့အဆော က်အဦးလေးခုတို့ပျက်စီးသွားခဲ့ပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမကတိုင်း ရင်းသားလက်နက်ကိုင်တွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ် မြေတွေကို စစ်ကော်မရှင်တပ်က လက် နက်ကြီး၊ဒရုန်း၊လေကြောင်းနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။









