Border News Agency
မောင်တော၊ အောက်တိုဘာ ၂၂။
မောင်တောမြို့နယ်၊ တောင်ပြို – ကြိမ်ချောင်းကားလမ်းမှာ အောက်တိုဘာလ ၂၁ရက်၊ မနေ့က အရပ်သားတဦးကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်း
ဖက်သမားတွေ ပစ်သတ်လိုက်ကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် အတူပါလာသူတဦးလည်းဒဏ်ရာရသွားပေမယ့် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး သူတိုနှစ်ဦးဟာ နံသာတောင်ကျေးရွာမှ သာယာကုန်းကျေးရွာ
သို့ ဆိုင်ကယ်နဲ့လာကြချိန်ကားလမ်းပေါ်မှာ ပစ်ခတ်ခံရတာလို ဆိုကြပါတယ်။
အဲဒီလိုပစ်ခတ်ခံရလို့ ဘူးသီးတောင်မြို့ နယ်၊ ပြင်ရှည်ကျေးရွာမှ အသက်နှစ်ဆယ်ငါးအရွယ် ကိုကျော်စိုးဝင်းဟာ ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ ကျည်ထိမှန်သေဆုံးသွားခဲ့တာလို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
“ဆိုင်ကယ်နဲ့လာကြတာကိုကြိုသိလို့ လမ်းကစောင့်ပြီးပစ်သတ်လိုက်တာပါ။ အဲဒီလမ်းတွေမှာကမကြာခဏပစ်ခတ်ခံနေရပါတယ်။ နောက်ပြီးမူးယစ်ဆေးဝါး
တွေကအစ မှောင်ခိုလုပ်တာနေကြတာတွေလည်းများပါတယ်။ အဲဒါတွေကြောင့် တချို့ကိစ္စတွေကနည်းနည်းရှုပ်ထွေးပါတယ်။ ”လို့ မောင်တောဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်၊ လိပ်ရကျေးရွာအနီးကားလမ်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ
ပစ်ခတ်လို့ တဦးသေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် မောင်တောမြို့နယ်၊ တောင်ပြို – ကြိမ်ချောင်းကားလမ်း၊ လိရခွဆုံနဲ့သာယာကုန်းကျေးရွာကြားမှာ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ရိုဟင်ဂျာ
အမည်ခံ လက်နက်ကိုင်အကြမ်းဖက်သမားတွေပစ်ခတ်လို့ တဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ လှုပ်ရှားမှုတွေပိုများလာနေသလို မူးယစ်ဆေးဝါးသယ်ယူဖြန့်နေကြတာတွေလည်း ပိုများနေတာမို့ အချင်းချင်းလုပ်ကြံသတ်ဖြတ်တာတွေလည်း ရှိနေကြတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
“တပ်တော်မှာ အကြမ်းဖက်ရှင်းလင်းရေးလုပ်တယ်ဆိုရင် ပြည်သူတွေဘေးကင်းအောင်ထိ ရှင်းလင်းသင့်ပါတယ်။မောင်တောမှာက မူးယစ်ဆေးဝါးတွေကယ်ရီလုပ်နေကြသူတွေ လည်းများလာပါတယ်။ တချို့ကိစ္စတွေကအချင်းချင်းပြဿနာတွေကြောင့် အချင်းချင်းရှင်းပလိုက်ကြတာတွေလည်း ရှိပါတယ်။ ပြီးရင်အာဆာသတ်တာလို့ ဝါဒဖြန့်လိုက်ကြပါတယ်။” လို့ မောင်တောမြို့နယ်၊ ကြိမ်ချောင်းဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ မူးယစ်ဆေးဝါးသယ်ယူဖြန့်နေကြတာတွေ ပိုမိုများပြားလာနေပြီး မူးယစ်ဆေးဝါးအများစုကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေက မောင်တောမြို့နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သယ်ပိုပေးနေကြတာမို့ အချင်းချင်းလုပ်ကြံသတ်ဖြတ်လိုက်ကြတာတွေရှိနေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးကို ဆောင်ရွက်နိုင်ဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလည်း အလွန်အရေးကြီးနေသလို နယ်စပ်လုံခြုံရေးကိုအထိရောက်ဆုံး ကိုင်တွယ်ကာကွယ်သင့်တယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကြောင့် မောင်တောနယ်စပ်ရှိ မိဘပြည်သူတွေအနေနဲ့ လူပြတ်တဲ့နေရာတွေကိုသွားလာကြချိန်မှာ တဦးတည်း(သို့)လူအနည်းစုနဲ့သွားလာကြတာကို အတတ်နိုင်ဆုံးမပြုလုပ်ကြဖို့ အာရက္ခတပ်တော်က သတိပေးထားပါတယ်။
အဲဒီအပြင် ကျန်းမာရေးကိစ္စအပြင် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေရှိရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြဖို့လည်း သတိပေးထားပါတယ်။
အဲဒီအာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အစ္စလာမ်းမစ်အစွန်းရောက်အဖွဲ့တွေ အကြမ်းဖက်လှုပ်ရှားတာတွေဟာ အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေ ထိုင်ကြတဲ့ အပြစ်မဲ့အာရက္ခပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကိုခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရသတိထားရမယ့် အချိန်ကာလဖြစ်တယ်လို့ အာရက္ခတပ်တော်မှ သတိပေးထုတ်ပြန်ထားပါတယ်။






