Border News Agency
မိုင်းလုံ၊ အောက်တိုဘာ ၂၅။
မိုင်းလုံမြို့နယ်၊ ကော်ပေါင်ကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းထိုင်ဆရာတော်တပါးပျံလွန်တော်မူခဲ့ပြီးသံဃာတော်ငါးပါးနဲ့ ကလေးငယ်အပါအဝင်အရပ်သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၂၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကော်ပေါင်ကျေးရွာကို စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၃ နာရီ ၅၇ မိနစ်အချိန်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်သက်တော်ခုနှစ်ဆယ်အရွယ်ဝါတော် ဝါတော် ငါးဆယ်ရှိတဲ့အရှင်ကျန္တာပျံလွန်တော်မူသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သက်တော်ဆယ့်ရှစ်နှစ်အရွယ်အရှင်အိုက်ကျန်၊သက်တော်ဆယ့်ခုနှစ်နှစ်နှစ်အရွယ်အရှင်ကုမ္မရ၊သ က်တော်ဆယ့်လေးနှစ်အရွယ်အရှင်ဩရသ၊သက်တော် ဆယ့်သုံးနှစ်အရွ ယ်အရှင်ဝိရိယ၊သက်တော်ဆယ့်သုံးနှစ်အရွယ်အရှင်စန္ဒိဘ၊ အသက်လေးနှစ်အရွယ်မောင်အိုက်တင်နှင့်၊အသက်ကိုးဆယ်ခြောက်နှစ်အရွယ်ဦးကျန်ဒိတို့ ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်နှစ်အိမ်၊ ဘုန်းကြီးကျောင်းတကျောင်းနဲ့ကျောင်းဆောင် တဆောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ မန်တုံမြို့ကို နှစ်ကြိမ်၊ကျောက်မဲမြို့ကိုနှစ်ကြိမ်၊သီပေါမြို့ကိုခြောက်ကြိမ်၊မိုင်းငေါ့မြို့ကိုသုံးကြိမ်၊ မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကို ခြောက်ကြိမ်၊ နမ္မတူမြို့ကို ခြောက်ကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုလေးကြိမ်၊ စုစုပေါင်းသုံးဆယ်ခြောက်ကြိမ်ထိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ကလေးဆယ်ဦး၊ အမျိုးသား ဆယ့်ခြောက်ဦးနဲ့၊ အမျိုးသမီးနှစ်ဆယ့်တဦး၊ စုစုပေါင်းလေးဆယ်ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ကလေးနှစ်ဆယ့်ငါးဦး၊ အမျိုးသား ဆယ့်ကိုးဦး၊အမျိုးသမီးဆယ့်ကိုးဦးသံဃာတော်နှစ်ပါး၊စုစုပေါင်းခြောက်ဆယ်ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်နေအိမ်တရာ့ခုနှစ်ဆယ်၊ စာသင်ကျောင်းငါးကျောင်း၊ဘုန်းကြီးကျောင်းခြောက်ကျောင်း၊ကျောင်းဆောင်ရှစ်ဆောင်၊ အဆောက်အဦးခြောက်ခု၊ဆိုင်ခန်းငါးခန်း၊ လက်ဖက်စက်ရုံတရုံ၊ဆိုင်ကယ်လေးစီးနဲ့ကားဆယ်စီးပျက်စိီးသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမကတိုင်း ရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။











