Border News Agency
နမ္မတူ၊ အောက်တိုဘာ ၂၇။
တအာင်းပြည်တပ်မဟာ ၈နယ်မြေ၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်ကမန်လီကျေးရွာကို စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ နေအိမ်တလုံးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမန်လီကျေးရွာကဦးအဟုန်းနဲ့ ဒေါ်ခမ်းလီတို့ရဲ့နေအိမ် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ၅ နာရီအချိန်က ဒရုန်းနဲ့ဗုံးငါးလုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ကျေးရွာသားအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်အချို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့လေကြောင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အောက်တိုဘာလ ၁ ရက်မှ၂၆ ရက်နေ့အထိ သံဃာတော်နှစ်ပါး၊ ကလေးဆယ်ဦး၊ အမျိုးသားဆယ့်ခြောက်ဦးနဲ့ အမျိုးသမီးနှစ်ဆယ့်တဦး စုစုပေါင်းလေးဆယ်ကိုးဦး သေဆုံးခဲ့ပြီး၊ ဆယ့်တဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်တရာ့ခုနှစ်ဆယ်သုံးလုံး၊ စာသင်ကျောင်းငါးကျောင်း၊ ဘုန်းကြီးကျောင်းခုနှစ်ကျောင်း၊ ကျောင်းဆောင်ကိုးဆောင်နဲ့ အဆောက်အဦးခြောက်ခု၊ ကြက်မွေးမြူရေးခြံနှစ်ခြံ၊ ဆိုင်ခန်းငါးခန်း၊ လက်ဖက်စက်ရုံတရုံ၊ ကားဆယ်စိီးနဲ့ဆိုင်ကယ်လေးစီး ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။









