Border News Agency
ကျောက်မဲ၊ အောက်တိုဘာ ၂၉။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၂၉ရက်၊ ဒီနေ့ အပြန်အလှန်အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒါကြောင့် ဒီနေ့ ၀၀း၀၀ နာရီအချိန်မှစတင်ပြီး နှစ်ဖက်ရောက်ရှိနေရာမှာ တပ်တွေရပ်တန့်ထားရမယ်လို့ ဆိုပါတယ်။
အဲဒါဟာ တရုတ်နိုင်ငံအထူးကိုယ်စား လှယ်မစ္စတာတိန့်ရှီကျွင်းရဲ့ကြားဝင်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုတွေပြုလုပ်နိုင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အောက်တိုဘာလ ၂၇ ရ က်နေ့မှ ၂၈ ရက်နေ့ထိ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကိုးကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမှ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကော်မရှင်တပ်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီသဘောတူသတ်မှတ်ကာလမှာ မိုးကုတ်နဲ့မိုးမိတ်မှ တအာင်းတပ်တွေ ပြန်လည်ဆုတ်ခွါမှာဖြစ်ပြီး တအာင်းဒေသကိုလည်း မြန်မာစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုတွေမလုပ်ရဘူးလို့ ဆိုပါတယ်






