Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၃၁။
စစ်ကော်မရှင်တပ်ပစ်ခတ်တိုက်ခိုက်လို့ သုံးရက်မှာအရပ်သားဆယ့်နှစ်ဦးသေဆုံးပြီးသုံးဆယ်သုံးဦးဒဏ်ရာရသွားတယ်လို့ အောက်တိုဘာလ ၃၁ ရက်၊ ဒီနေ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်ကို အောက်တို ဘာလ ၂၉ ရက်နေ့က စစ်ကော်မရှင်တ ပ်လက်နက်ကြီးပစ်ခတ်လို့တောင်ညိုရွာမှအသက်ငါးနှစ်အရွယ်မဇင်ချိုအိ
သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်မဇင်ချိုအိရဲ့အဖေဖြစ်သူအသက်သုံးဆယ်အရွယ်ဦးနေဇော်ထွန်း နဲ့အသက်ခြောက်ဆယ်ခြောက်နှစ်အရွ ယ်ဦးမောင်စိန်ဝင်းဒဏ်ရာရသွားပါတယ်။
နောက်ပြီးကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်၊ ဇင်ချောင်းကုန်ဘွေကျေးရွာကို အောက်တိုဘာလ ၃၀ ရက်၊ မနေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံးပြီးတဆယ်ရှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဇင်ချောင်းကုန်ဘွေရွာက အသက်နှစ်ဆယ်တနှစ်အရွယ်မစံပယ်ဝင်း၊ အသက်ငါးဆယ်သုံးနှစ်အရွယ်ဒေါ်သန္ဒာငြိမ်း၊ မင်းရပ်ရွာကအသက်သုံးဆယ်တနှစ်အရွယ်ဒေါ်မေမြတ်သူ၊ အသက်သုံးဆယ်ငါးနှစ်အရွယ်ဦးမောင်မြင့်စိုး၊ ဇင်ချောင်းနယ်ပယ်တော်ရွာက အသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ်ကိုအောင်ပိုင်ထွေး(ခ)ဗမာချေနဲ့ မူရွင်းရွာကအသက်ဆယ့်ခုနှစ်နှစ်အရွယ်မစုမယေသေဆုံးပြီး တဆယ့်ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချု ပ်ထားတဲ့ရသေ့တောင်မြို့နယ်၊မိုးစဲက မ်းကမ်းကိုလည်း အောက်တိုဘာလ ၃၀ ရက်၊ မနေ့က စစ်ကော်မရှင်တပ်ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာပါ။
အဲဒါကြောင့်အသက်ငါးဆယ်နှစ်နှစ်အ ရွယ်ဦးထွန်းအေးလှိုင်မှာ ဗုံးစထိမှန်သေ ဆုံးပြီးအသက်နှစ်ဆယ်နှစ်နှစ်အရွယ်ကိုဖြိုးဝေထွန်းနဲ့အသက်သုံးဆယ်ရှစ်နှစ်အရွယ်ဦးမောင်မောင်ဌေးဒဏ်ရာရခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကို အောက်တိုဘာ ၃၁ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင်လေးဦးသေဆုံးပြီးဆယ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီသေဆုံးဒဏ်ရာရသူတွေထဲမှာက လေးသူငယ်တွေ၊အမျိုးသမီးတွေ၊သ က်ကြီးရွယ်အိုတွေပါဝင်သလိုဒဏ်ရာပြ င်းထန်သူတွေလည်းပါဝင်ပါတယ်။
စစ်ကော်မရှင်တပ်ပစ်ခတ်လို့လူနေအိမ်တွေ၊ ဆိုင်ကယ်တွေ၊ ကားတွေပျက်စီးသွားသလို ပုဏ္ဏားကျွန်းမြို့ကိုနှစ်ရက် ဆက်တိုက်ခိုက်လို့ရုံးတွေ၊အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးသွားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ နေ့စဥ်ရက်ဆက်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြတာပါ။
အဲဒါကြောင့်စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေကို အာရက္ခပြည်သူတွေ အထူးသတိထားကြဖို့အောက်တိုဘာလ ၃၁ ရက်၊ဒီနေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အထူးသတိပေးထားပါတယ်





