Border News Agency
လယ်ဒို၊ အောက်တိုဘာ ၃၁။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူပိုင်နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၃၁ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊ တောင်ခင်ကျေးရွာကို အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စောဆန်းလွင်ရဲ့နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၆၄ တပ်ရင်းမှ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စောနန်းဝင်းထွန်းရဲ့နေအိမ်တလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ရေတွင်းကုန်းကျေးရွာကိုလည်း အောက်တိုဘာလ ၃၀ ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ခလယ်လွီထူခရိုင်အတွင်းရှိမြို့နယ်တွေကို စစ်ကော်မရှင်တပ် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့နေ့စဥ်လိုလို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေကြောက်ရွံ့စိတ်တွေနဲ့ နေကြရတယ်လို့ဆိုကြပါတယ်။






