Border News Agency
စစ်တွေ၊ နိုဝင်ဘာ ၁။
စစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်မှာ နှစ်ဆယ်တဦးဝင်ပြိုင်ပါမယ်။
အဲဒီရခိုင်ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်ကို ကျောက်ဖြူ၊ စစ်တွေ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ သံတွဲ၊ အမ်း စတဲ့မြို့နယ်တွေမှာ ပြုလုပ်မှာပါ။
ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဦးကကျော်ဆွေလင်း၊ ရခိုင့်ဦးဆောင်ပါတီကဦးခင်စော၊ ရခိုင်တိုင်းရင်းသားများပါတီကဦးတင်ရွှေ ဝင်ပြိုင်ကြမှာပါ။
စစ်တွေမြို့နယ်မဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသားများပါတီကဦးဇော်ထွန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးနိုင်ဦး၊ ရခိုင့်ဦးဆောင်ပါတီက ဦးသိန်းထွန်းဦး ဝင်ပြိုင်ကြမှာပါ။
တောင်ကုတ်မြို့နယ်မဲဆန္ဒနယ်မှာ ရခိုင့်ဦးဆောင်ပါတီက ဦးခင်မောင်ငြိမ်း၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဒေါ်သန်းသန်းရီ၊ရခိုင်တိုင်း ရင်းသားများပါတီကဦးအောင်ရွှေဝင်ပြိုင်ကြမှာပါ။
မာန်အောင်မြို့နယ်မဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသားများပါတီကဒေါ်ကြည်ကြည်ဇင်၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးထွန်းဝင်း၊ရခိုင့်ဦးဆောင်ပါတီကဦးမောင်တင်အေး ဝင်ပြိုင်ကြမှာပါ။
ဂွမြို့နယ်မဲဆန္ဒနယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးစိုးနီလတ်၊ရခိုင့်ဦးဆောင်ပါတီကဦးဇော်မျိုးထွဋ်၊ရခိုင်တိုင်း
ရင်းသားများပါတီက ဦးတင်ကိုကို ဝင်ပြိုင်ကြမှာပါ။
သံတွဲမြို့နယ်မှာရခိုင့်ဦးဆောင်ပါတီက ဦးစိုးမိုးနိုင်၊ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးစန်းနိုင်၊ ရခိုင်တိုင်းင်းသားများပါတီကဒေါ်ထက်ထက်လှိုင် ဝင်ပြိုင်ကြမှာပါ။
အမ်းမြို့နယ်မဲဆန္ဒနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဦးကျော်ကျော်နိုင်၊ရခိုင့်ဦးဆောင်ပါတီကဦးအောင်စံထွန်း၊ရခိုင်တိုင်းရင်းသားများပါတီကဦးအောင်ဇော်လတ် ဝင်ပြိုင်ကြမှာပါ။
အဲဲဒီရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့ပြုလုပ်မှာဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွစတဲ့လေးမြို့နယ်မှာလည်း ပြုလုပ်မယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ထားပါတယ်။
ရခိုင်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်းသားများပါတီ၊ ရခိုင့်ရှေ့ဆောင်ပါတီ ရှိကြပါတယ်။






