Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ဆောင်းသီးနှံစိုက်တောင်သူတွေ အကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီတောင်သူတွေဟာ မျိုးစေ့တွေ၊ နည်းပညာတွေ၊ ဓာတ်မြေသြဇာတွေ၊ နည်းပညာအကူအညီတွေလိုအပ်နေကြတာလို့ ဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကော်မရှင်တပ်ဟာ လမ်းပန်းဆက်သွယ်ရေးအားလုံးအပါအဝင်ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း ပိတ်ဆို့ထားဆီးထားပါတယ်။
အဲဒါကြောင့် မျိုးစေ့တွေ၊ ဓာတ်မြေသြဇာတွေလည်း ရှားပါးနေတာမို့ အကူအညီတွေလိုအပ်နေကြတာလို့ ဆိုကြပါတယ်။
ဒါပေမယ့် ဒေသခံတောင်သူတွေဟာ ရတဲ့မျိုးစေ့တွေကို အကောင်းဆုံးအသုံး ပြုစိုက်ပျိုးနေကြတာမို့ အဆင်ပြေဖြစ်ထွန်းနေကြတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့်ဒေသခံတွေရဲ့ဟင်းသီးဟ င်းရွက်လိုအပ်ချက်တွေကိုလည်း အသင့်အတင့်ဖြည့်ဆည်းပေးထားနိုင်ပြီလို့တောင်သူတွေက ဆိုကြပါတယ်။














