Border News Agency
စစ်တွေ၊ နိုဝင်ဘာ ၃။
စစ်တွေကဆရာတော်တွေကို အောက်တိုဘာလ ၂ ရက်နေ့က ဘွဲ့တံဆိပ်တွေပေးခဲ့တယ်လို့ စစ်ကော်မရှင်က နိုဝင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)ဗဟိုမှ ဘွဲ့တံဆိပ်တွေပေးခဲ့တာပါ။
စစ်တွေမြို့က အထင်ကရသံဃာတော် ၄ ပါးနှင့် စစ်ကောင်စီရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးတို့ကို အမျိုးဘာသာသာသနာအရေး စွမ်းဆောင်နိုင်ခဲ့သည်ဟုဆိုကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) (ဗဟို)က ဘွဲ့တံဆိပ်များ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဲဒီစစ်တွေမြို့ရွှေစေတီဆရာတော်နဲ့ အဘယရက္ခိတကျောင်းတိုက်ဆရာတော်ကို အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့၊ သဲချောင်းဆရာတော်နဲ့ ရွှေတောင်ကျောင်းတိုက်ဆရာတော်တော်ကို မဟာမင်္ဂလဇောတိကဓဇဘွဲ့ပေးခဲ့တာပါ။
စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းကို မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့၊ ရက္ခိတစွမ်းအားပရဟိတအသင်း ဥက္ကဋ္ဌဦးဝင်းမောင်မောင်ကို မင်္ဂလဓမ္မဇောတိကဓဇဘွဲ့၊ ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း အတွင်းရေးမှူးဦးမောင်သိန်းခိုင်ကို မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ပေးခဲ့တာပါ။












Comments 1
“Перематывай, Паузь, Пересмотри: Твой Кинотеатр – Твои Правила!” Не успел заметить деталь? Всегда можно перемотать! Онлайн-кино дает полный контроль над просмотром. #управляйкино #стопкадр
комедии 2025