Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်လို့ အမျိုး သားတဦး ဒဏ်ရာရသွားပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာက အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသန်းမောင်ဒဏ်ရာရသွားတာပါ။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
နောက်ပြီးပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ နေ့လည်၁၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာ
ရနေကြပါတယ်။






