Border News Agency
မူး၊ နိုဝင်ဘာလ ၁၁။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊မူးမြို့နယ်နဲ့လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတဦးသေဆုံးပြီး နေအိမ်ရှစ်လုံးနဲ့စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။
သေဆုံးသူဟာ မူးမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာက အသက်ငါးဆယ်ငါးနှစ်အရွယ် ဦးမောင်ငယ်ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်က နိုဝင်ဘာလ၆ရက်နေ့၊ညနေ ၃နာရီကျော်အချိန်ခန့်က မန် ကျည်းကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးသုံးလုံးပစ်ခတ်မှုကြောင့် ဦးမောင်ငယ်ဟာ ပွဲချင်းပြီးသေဆုံးခဲ့သလို နေအိမ်ခြော က်လုံးလည်း ပျက်စီးခဲ့ပါတယ်။
အဲဒီအပြင် လယ်ဒိုမြို့နယ်၊ တောင်ခင်ကျေးရွာကိုလည်း အောက်တိုဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က စစ်ကော် မရှင် ဒရုန်းနဲ့လာရောက်ပစ်ခတ်လို့ နေအိမ်နှစ်လုံးထပ်ပျက်စီးခဲ့ပါတယ်။











