Border News Agency
ရသေ့တောင်၊ နိုဝင်ဘာ ၁၆။
ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာနဲ့နွားတင်းကုပ်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က နိုဝင်ဘာလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နိုဝင်ဘာလလ ၁၅ ရက်၊ မနက် ၁၀ နာရီ ၃ မိနစ်အချိန်က ဘာထလေကျေးရွာနဲ့ နွားတင်းကုပ်ကျေးရွာကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်အချို့လည်းပျက်စီးခဲ့ပြီး ဘာထလေမြစ်ချောင်းကမ်းဘေးရှိ စက်လှေငါးစီးလည်းပျက်စီးခဲ့လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ နွားတင်းကုပ်ကျေးရွာသားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသလို ဘာထလေချောင်းမှာသွားလာနေကြသူသုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။






